ဓာတ်ပုံ- PNLA

မိုင်းရူပ၊ သြဂုတ် ၂၀ ရက်၊ ဆီဆိုင်

ရှမ်းတောင် ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်ရှိ ကျေးရွာ ၃ ရွာက နေအိမ်ပေါင်း ၁၀၀ ကျော်ကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်- PNO/PNA က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပအိုဝ်းတပ်မတော်- PNLO/PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရွှေဖီမြေကို ပြောပါတယ်။

မီးရှို့ခံရတဲ့ ကျေးရွာတွေထဲ နောင်ဗိုး၊ နောင်ထော်ရွာသစ်နဲ့ တပူးထိုး စတဲ့ကျေးရွာက နေအိမ်တွေဖြစ်ပြီး အဲဒီကျေးရွာတွေဟာ PNO စစ်ကြောင်း ဝင်ရောက်လာပြီးနောက် နေအိမ်တွေ မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။

“အဲဒီရွာတွေဆိုရင် အခုထိ ပြည်သူတွေ အိမ်ပြန်လို့ မရသေးဘူး။ သူတို့ မောင်းထုတ်ထားတယ်။ ပစ္စည်းတွေ ယူတယ်။ အိမ်တွေကို မီးရှို့တယ်။ မီးရှို့ခံရတဲ့ အိမ်တွေက အိမ်ကြီး၊ အိမ်ကောင်းတွေ ပါတယ်။ စာရင်း အတိအကျ မရသေးပေမဲ့ မီးရှို့ခံရတဲ့ နေအိမ်ပေါင်း ၁၀၀ ကျော်ရှိပြီ” လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရွှေဖီမြေကို ပြောပါတယ်။

PNO က မီးရှို့ခဲ့တဲ့ ကျေးရွာတွေရဲ့ မှတ်တမ်းကို PNLA ဘက်က ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်မှာ ဒရုန်းနဲ့ မှတ်တမ်း ယူနိုင်ခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ ပအိုဝ်းပြည်သူ့စစ်က လူထုနေအိမ်တွေကို မီးရှို့နေတာဖြစ်တယ်လို့ ခွန်ရိန်းယံက ဆက်ပြောပါတယ်။

PNO ဘက်ကတော့ လူထုတွေရဲ့ နေအိမ်တွေကို မီးရှို့နေတယ်ဆိုတဲ့ PNLA ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး တစုံတရာ တုန့်ပြန်ထားတာ မရှိသေးပါဘူး။

PNO/PNA အဖွဲ့ဟာ စစ်တပ်နဲ့ ပူးပေါင်းပြီး ရှမ်းတောင်အပါအဝင် ရှမ်းတောင်-ကရင်နီနယ်စပ်မှာ တော်လှန်ရေး အင်အားစုတွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ စစ်တပ် လက်အောက်ခံအဖွဲ့ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။