ဓာတ်ပုံ – Local

ရွှေဖီမြေ၊ မတ်လ ၁ ရက်

မြန်မာနိုင်ငံတစ်ဝှမ်းမှာ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သား ၁၀၆ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP က မနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတစ်ဝှမ်းက အမျိုးသမီး ၅၃ ဦးနဲ့ အမျိုးသား ၅၃ ဦး စုစုပေါင်း ၁၀၆ ဦး သေဆုံးခဲ့ကြောင်းကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီး သေဆုံးသူ ၁၀၆ ဦးထဲ အသက် ၁၈ နှစ်အောက် ကလေး ၁၆ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

အများစုဟာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပြီး မကွေးတိုင်းမှာ ၂၇ ဦးနဲ့ သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ ၂၆ ဦးနဲ့ သေဆုံးမှု ဒုတိယအများဆုံး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ် အာဏာ စသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး မနေ့ ဖေဖော်ဝါရီ ၂၈ ရက်အထိ ၄ နှစ်ကျော်အတွင်း စစ်ကောင်စီတပ်နဲ့ ၎င်းတို့ရဲ့လက်ပါးစေကြောင့် နိုင်ငံတစ်ဝှမ်းက လူပေါင်း ၆ ထောင်ကျော် (၆,၃၆၄ ဦး) သေဆုံးခဲ့တယ်လို့ AAPP ကထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရသူ စုစုပေါင်း ၃ သောင်းနီးပါး (၂၈,၇၁၂ ဦး)ရှိပြီး အဲဒီထဲက ၂ သောင်းကျော် (၂၁,၉၅၆ ဦး)ဟာ ထိန်းသိမ်းခံရဆဲဖြစ်ပြီး ထိန်းသိမ်းခံနေရသူထဲက ၁ သောင်းကျော် (၁၀,၄၇၂ ဦး)ဟာ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။