ယာရူစိင်၊ ဇူလိုင် ၁၄ ရက်၊ သီပေါ
PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဇူလိုင် ၁၄ ရက် ၆ နာရီဝန်းကျင်အချိန်မှာ သီပေါ-လားရှိုးလမ်းပေါ်က အထက (၁) အနီးရှိ Hispaw မိုဘိုင်းဖုန်းဆိုင်အနီးမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ခဏလေးတင် လာကြဲချသွားတာ။ တစ်ယောက်တော့ ဒဏ်ရာရသွားတယ်လို့တော့ လောလောဆယ်သိရတယ်”
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက်မှု ပျက်စီးမှု အသေးစိတ်အခြေအနေနဲ့ ပတ်သက်ပြီး ရွှေဖီမြေက ထပ်မံ စုံစမ်းနေဆဲ ဖြစ်ပြီး နောက်ဆက်တွဲကို ထပ်မံဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။