ရွှေဖီမြေ၊ နိုဝင်ဘာ ၄ ရက်၊ မိုးကုတ်
လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ်ကို မဆုတ်မနစ် ဆန့်ကျင်တော်လှန်ခဲ့တဲ့ မိုးကုတ်မြို့ရှိ ရေပူဆရာတော် ဘဒ္ဒန္တက္ကန္ဒဟာ မနေ့ နိုဝင်ဘာ ၃ ရက် ညနေပိုင်း ၆ နာရီ ၄၅ မိနစ်မှာ ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။
ဆရာတော်ဟာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်တပ်က အကြမ်းဖက် ဖြိုခွဲနေချိန် ဝင်ရောက် တားဆီးခဲ့လို့ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရတဲ့ ဆရာတော် ဖြစ်ပါတယ်။
ကလေးသူငယ်တွေကို အခမဲ့ စာသင်ကျောင်း ဖွင့်လှစ်ပေးခဲ့ပြီး ပရဟိတလုပ်ငန်း တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သလို မိုးကုတ်မြို့ သဘာဝပတ်ဝန်းကျင်နဲ့ သာသနာ့မြေ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းတွေလည်း ရှေ့တန်းကနေ လုပ်ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
ဆရာတော် ပျံလွန်တော်မူချိန်မှာ သက်တော် ၅၅ နှစ်၊ ဝါတော် ၃၅ နှစ် ရှိပြီဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။