ပုံစာ- ပျက်စီးနေတဲ့ နမ့်မန်းတံတား (ပုံဟောင်း)

မိုင်းဖိူမ်းဆငဲ၊ နိုဝင်ဘာ ၄ ရက်၊ မိုင်းငေါ့

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုင်းငေါ့မြို့ကနေ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ဘက် ကား၊ ဆိုင်ကယ် ဖြတ်သန်းသွားလာလို့ ရပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

TNLA နဲ့ စစ်တပ်တို့ အပစ်အခတ် ရပ်​စဲကြောင်း ထုတ်ပြန်ပြီးနောက် နိုဝင်ဘာ ၂ ရက်ကစပြီး မိုင်းငေါ့-ကျောက်မဲလမ်းကို ဖြတ်သန်းသွားလာခွင့် ပြုတာပဲ ဖြစ်ပါတယ်။

မိုင်းငေါ့ဒေသခံတစ်ဦးက “မ​နေ့တုန်းက ကျောက်မဲကို Wish ကားတစ်စီး၊ သုံးဘီး တစ်စီး၊ Canda တစ်စီး ဆင်းသွားတာ။ တောက်လျှောက် ရောက်တယ်တဲ့” လို့ ပြောဆိုပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်မှာ စစ်တပ်က ကျောက်မဲ-မိုင်းငေါ့ကြားမှာရှိတဲ့ နမ့်မန်းတံတားအနီး လေကြောင်းကနေ ဗုံးကြဲချခဲ့တာကြောင့် တံတား ထိမှန်ကာ ပျက်စီးခဲ့ပါတယ်။

လက်ရှိအချိန်ထိ တံတားကို တအာင်းတပ်ဘက်က ပြန်လည် ပြင်ဆင်နိုင်ခြင်း မရှိသေးတာကြောင့် ဒေသခံတွေ တံတားပေါ်ကနေ မဖြတ်သန်းဘဲ ရေချောင်းကနေ ဖြတ်သန်းကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“နမ့်မန်းတံတားကို ဖြတ်ခွင့် မပေးသေးဘူး။ ကျိုးကျမှာဆိုးလို့ ပြောတာပဲ။ ရေချောင်းကိုပဲ ဖြတ်သွားရတာ”

နမ့်မန်းတံတားကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း TNLA က ကျောက်မဲမြို့ဘက် ထိုးစစ်ဆင်ဖို့ ပြင်ဆင်တဲ့အချိန်မှာ စစ်တပ်က တစ်ကြိမ် မိုင်းထောင် ဖောက်ခွဲခဲ့ဖူးပြီး အဲဒီတံတားကို TNLA ပြန်လည် ပြုပြင်ပေးခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။