မြတ်နိုး၊ ဇူလိုင် ၃၀
တရုတ် – မြန်မာနယ်စပ် လွယ်ဂျယ်မြို့က ငွေလဲလှယ်တဲ့ နေရာမှာ ဒီနှစ်ရက်၊ သုံးရက်အတွင်း ငွေလဲလှယ်သူဆီက ငွေ လုယက်မှု ဖြစ်ပွါးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ပိုက်ဆံ အလုခံရတာတဲ့ သူက ကျနော် အမြဲ ငွေလဲတဲ့ အမျိုးသမီးပါ။ တရုတ်ငွေ ယွမ် ၂၀,၀၀၀ လောက် ပါသွားတယ်တဲ့။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
မနက်ပိုင်းက ယွမ် ၁၀၀ လာလဲ ပြီးတော့ နောက် တခေါက်ကျတော့ ယွမ် ၃၀၀ ပြန်လာလဲမယ်လို့ပြောကာ ငွေထည့်တဲ့ အံဆွဲ ဖွင့်လိုက်တာနဲ့ တခါထဲ လုသွားတာ လို့ ပြောတယ်လို့ သူက ပြောပါတယ်။
ငွေလာလုတဲ့ တယောက်က မိုးကာအင်္ကျီ ဝတ်ထားပြီး သူ့အဖော်က ဆိုင်ကယ်နဲ့ လမ်းကြားမှာ စောင့်ဆိုင်းနေတာကို CCTV မှတ်တမ်းမှာ တွေ့ရပါတယ်။
အရင်က လွယ်ဂျယ် မြို့ပေါ်အခုလို လုယက် ခံရတာမျိုး မကြားဖူးဘဲ ဒါပထမဆုံး လုယက်ခံရတာလို့ ဒေသခံတွေကပြောပါတယ်
#ဓာတ်ပုံ – Local
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။