ရွှေဖီမြေ၊ ဧပြီ ၁၃ ရက်၊ မော်လမြိုင်

မွန်ပြည်နယ် ကျန်းမာရေးကောင်စီ (Mon State Health Council- MSHC)ကို ဖွဲ့စည်းလိုက်ကြောင်း မနေ့ ဧပြီ ၁၂ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

CDM ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အခြားသော တော်လှန်ရေးအင်အားစုနဲ့ ချိတ်ဆက်ကာ ကျန်းမာရေးကဏ္ဍ အရည်အသွေး ပိုမိုမြှင့်တင်နိုင်ဖို့၊ လူထုအတွက် ထိရောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးအပ်နိုင်ဖို့အတွက် သီးခြားစုဖွဲ့ရန် လိုအပ်တာကြောင့် မတ်လ ၂၅ ရက်မှာ MSHC ကို ဖွဲ့စည်းလိုက်တယ်လို့ ဆိုပါတယ်။

ကျန်းမာရေးကောင်စီထဲ ဆရာဝန်ကိုယ်စားပြု၊ သူနာပြုနဲ့ သားဖွားကိုယ်စားပြု၊ ကျန်းမာရေးမှူးနဲ့ ကျန်းမာရေးကြီးကြပ်ကိုယ်စားပြု၊ ဆေးဘက်ဆိုင်ရာ နည်းပညာရှင် ကိုယ်စားပြု၊ တိုင်းရင်းဆေးပညာရှင် ကိုယ်စားပြုတွေ ပါဝင်ကြောင်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကတော့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကျဆုံးရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရာမှာ MSHC အနေနဲ့ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့၊ မွန်ပြည်နယ်အတွင်းရှိ လူထုအားလုံး လက်လှမ်းမီနိုင်တဲ့ ဘေးကင်းလုံခြုံသော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးပြီး ဘုံရည်မှန်းချက် တူညီတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။