ဓာတ်ပုံ – CJ

မိုင်းအရှိုင်း၊ မေလ ၂ ရက်

တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ နာရေးကို စီစဉ်နေတဲ့အချိန်မှာ ကျောက်ဆည်ခရိုင်တပ်ရင်းအမှတ် ၂ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ကိုစစ်နိုင်ကို NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန-MOD က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ နီးစပ်တဲ့ သတင်းအရင်းမြစ်တွေထံက သိရပါတယ်။

“တလောက သူတို့ရဲ့ ရဲဘော် ၅ယောက်ကျတာ။ ဒဏ်ရာရတဲ့သူတွေကော။ ရဲဘော်တွေရဲ့ နာရေးဆွမ်းကပ်ဖို့ စီစဉ်နေတုန်း ဖမ်းခံလိုက်ရတော့ နာရေးတောင်မလုပ်လိုက်ရဘူး” လို့ အမည်မဖော်လိုတဲ့ တပ်သားတစ်ဦးက ဆိုပါတယ်။

ဖြစ်စဉ်က ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက် ညပိုင်း ၉ နာရီဝန်းကျင်မှာ MOD ရဲ့ စစ်ရုံးချုပ်ကဆိုပြီး ကိုစစ်နိုင်ကို ခေါ်ဆောင်သွားတာဖြစ်ပြီး အာဏာဖီဆန်မှု၊ တပ်ပြိုအောင်လုပ်မှု၊ လက်နက်ရောင်းဝယ်မှု နဲ့ စစ်ရေးသတင်းပေါက်ကြားမှုတို့ အမှု ၄ မှုနဲ့ ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

‌ကျောက်ဆည်ခရိုင်တပ်ရင်း-၂ဟာ ရှမ်း‌မြောက်တော်လှန်ရေးတပ်တွေဖြစ်တဲ့ ဓနုတပ်၊ MDY-PDF နှင့် အခြား MOD တပ်တွေနဲ့အတူ တော်လှန်တိုက်ပွဲဆင်နွှဲနေတဲ့ တပ်ဖွဲ့ဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်မှာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန- MOD လက်အောက်မှ နှုတ်ထွက်ကြောင်း ထုတ်ပြန်ပြီးနောက် ၃ ရက်အကြာမှာ တပ်ရင်းမှူးဖြစ်တဲ့ ကိုစစ်နိုင်က အခုလိုဖမ်းဆီးခံရတာဖြစ်ပါတယ်။

“ကိုစစ်နိုင်ကနေပြီးတော့မှ ထွက်စာတင်တဲ့အချိန်မှာ ရဲဘော်အားလုံးရဲ့ လက်မှတ်လိုတယ်လို့ ပြောတယ်။ စစ်ရေးချုပ်ရုံးက အဲလိုအကြောင်းပြန်တယ်လို့ သိထားတယ်ဗျ။ အဲဒီအချိန် ဘာမှမလုပ်ရသေးဘူး။ အခုလို ဖမ်းဆီးတာ ခံလိုက်ရတာ”လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ ကိုစစ်နိုင်နဲ့ အဆက်အသွယ်မရတာကြောင့် မိခင်တပ်ရင်းက စိုးရိမ်နေရပြီး ဖမ်းဝရမ်းနဲ့ ဘယ်လိုပြစ်မှုမှမရှိဘဲ အခုလို ဖမ်းဆီးထိန်းသိမ်းတဲ့ NUG ရဲ့ လုပ်ရပ်ဟာ အာဏာရှင်ဆန်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ကျောက်ဆည်တော်လှန်ရေးတပ်ဖွဲ့ ထုတ်ပြန်ပြောဆိုထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန-MODဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။