ဓာတ်ပုံ – Local

ပို့လဘား၊ မတ်လ ၇ ရက်၊ မုံးစီး

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသ ပြိန်းခမ်းကျေးရွာမှာ သေဆုံးသွားတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIAတပ်သားတွေနဲ့ ဒေသခံတွေရဲ့ အသုဘစရိတ်အပြင် ထိခိုက်ဒဏ်ရာရသူတွေရဲ့ ဆေးရုံစရိတ်ကို ကိုးကန့်တပ်မတော် MNDAA က တာဝန်ယူဖြေရှင်းပေးမယ်လို့ မုံးစီးဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ မတ်လ ၇ ရက် နေ့လည်ပိုင်းမှာ ပန်းယန်းခါးကျေးရွာမှာ ၎င်းသေဆုံးသူရဲ့ ရုပ်အလောင်းကို မြေမြှုပ်သဂြိုလ်မှာဖြစ်ပြီး ဒေသခံတွေက မုံးစီးကျေးရွာမှာရှိတဲ့ MNDAAရုံးကို ထပ်ပြီး ဆန္ဒလာပြဖို့ ပြင်ဆင်နေတဲ့အချိန်မှာပဲ MNDAA နဲ့ KIAတို့ရဲ့ အထက်လူ‌ကြီး အချင်းချင်းပြန်လည်ပြေလည်မှုရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ဒီနေ့လည်း သူတို့ဆန္ဒလာပြဖို့ လူစုပြီးလုပ်နေတာ။ ကချင်ခေါင်းဆောင်က မကောင်းပါဘူးဆိုပြီး အချင်းချင်းနားလည်အောင် ညှိကြမယ်ဆိုပြီးပြောတယ်။ မုံးစီးဘက်ကိုလည်း သူတို့ကို ပေးမဖြတ်ဘူးပေါ့။ တရုတ်တွေက တားထားတာ အဲလိုပဲဆန္ဒပြမယ်ဆိုလည်း ဘာမှထူးလာမှာမဟုတ်ဘူး။ အချင်းချင်းနားလည်အောင် ဖြေရှင်းကြမယ်ဆိုပြီး ပြောတယ်။ သူတို့ လူကြီးအချင်းချင်းဖြေရှင်းလို့ ပြေလည်ကြပြီပြောတာပဲ။ ရွှေတူးတဲ့ကိစ္စကျတော့ ကျနော်မသိရသေးဘူး။ ဘယ်လိုလုပ်သွားမယ်ဆိုတာကို”

ထိခိုက်ဒဏ်ရာရသူတွေရဲ့ ဆေးကုသမှုစရိတ်ကို MNDAA က တာဝန်ယူ ဖြေရှင်းပေးမယ်လို့ ပြောထားပြီး သေဆုံးသူတွေရဲ့ အသုဘ အကူငွေအတွက်တော့ တိကျတဲ့ အရေအတွက် ဘယ်လောက်ကူညီသွားမယ်ဆိုတာကို ‌MNDAA က မပြောသေးတာကြောင့် မသိရှိရသေးဘူးလို့ နောက်ထပ်အမျိုးသားတစ်ဦးက ပြောပြချက်အရ သိရပါတယ်။

“ကချင် CSO တွေ ဘက်ကနေပြီးတော့‌ လောက်ကိုင်ကိုတက်ပြီး ကိုးကန့်လူကြီးတွေနဲ့ သွား‌တွေ့တယ်လို့ ကြားတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်က ပြိန်းခမ်းကျေးရွာအနီးမှာရှိတဲ့ ရွှေလုပ်ကွက်ကို MNDAAက ရွှေတူးနေစဉ် KIAနဲ့ ဒေသခံတွေက ဆက်မတူးဖို့ တားဆီးရာကနေ ပစ်ခတ်မှုဖြစ်လို့ KIA တပ်သား ၂ ဦး အပါအဝင် ၆ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။