ဓာတ်ပုံ – Local

မိုင်းပန်ပျော်၊ မတ်လ ၇ ရက်၊ မိုင်းယော်

ကိုးကန့်တပ်မတော်(MNDAA) ဖမ်းဆီးထားတဲ့ လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် လုံမွန်းကျေးရွာက အသက် ၁၅ နှစ်အရွယ်အမျိုးသမီးကို မတ်လ ၇ ရက်‌ တစ်လပြည့်‌တဲ့အချိန်မှာ ပြန်လွတ်ပေးလိုက်ပြီလို့ မိသားစုဝင်တွေဆီက သိရှိရပါတယ်။

ဒီနေ့ မတ်လ ၇ ရက် နေ့လယ်ပိုင်း ၃ နာရီဝန်းကျင်မှာ အပြစ်မရှိဘူးလို့ ဆိုပြီးဘေးကင်းကင်းနဲ့ ပြန်လွတ်ပေးလိုက်ပြီလို့ မိသားစု‌တစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

“ယိင်းဟွမ်ကို သူတို့ဒီနေ့ ပြန်လွတ်လာပြီ။ သူတို့စခန်းမှာ ဒီနေ့ ၃ နာရီတုန်းက ကျနော်တို့ ယိင်းဟွမ်ကို သွားကြိုလာတာ။ သူတို့ပြောတာတော့ ဘာအပြစ်မှမရှိဘူးလို့ ပြန်‌လွတ်ပေးတယ်လို့ပြောတယ်”

ဖမ်းဆီးခံရတဲ့ နန်းယိင်းဟွမ်ဟာ ပြီးခဲ့တဲ့ ဖေဖော်‌ဝါရီ ၇ ရက်က ကိုးကန့်တပ်သားအချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားရာကနေ တစ်ဦးသေဆုံးခဲ့တာဖြစ်ပြီး အဆိုပါ ပစ်ခတ်မှုဟာ နန်းယိင်းဟွမ်ကြောင့်ဖြစ်တယ်လို့ စွပ်စွဲဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကတည်းက ဒီနေ့ မတ်လ ၇ ရက်‌ဟာ MNDAA က နန်းယိင်းဟွမ်ကိုဖမ်းဆီးထားတာ တစ်လပြည့်တဲ့နေမှာပဲ ပြန်‌လွတ်ပေးလိုက်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။