ဓာတ်ပုံ – The Kokang

မိုင်းပန်ပျော်၊ မေလ ၃၀ ရက်၊ သိန္နီ

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းတုန်းက ကျိုးကျသွားခဲ့တဲ့ ရှမ်းမြောက် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ သိန္နီမြို့အဝင် သိန္နီတံတားကို ကိုးကန့်တပ်မတော်-MNDAA တပ်က ပြန်လည်ပြုပြင်ပြီးစီးခဲ့ပြီလို့ ‌ဒေသခံတွေက ရွှေဖီမြေကိုပြောပါတယ်။

သိန္နီမြို့အဝင် သိန္နီတံတားကို မနေ့ မေလ ၂၉ ရက်မ‌နက်ပိုင်းမှာ ပြန်လည်ပြုပြင်ပြီးစီးခဲ့ပြီး MNDAA တပ်က တံတားဖွင့်ပွဲပြုလုပ်ခဲ့ပြီး ကားတွေအကုန်လုံးဖြတ်သန်းသွားလာခွင့်ပြုပြီလို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

“ဟုတ်တယ် သိန္နီတံတားက ပြင်တာပြီးသွားပြီ ဖွင့်ပွဲလည်း ‌မနေ့က လုပ်ပြီးသွားပြီ။ ကားတွေအကုန်လုံး ဖြတ်လို့ရပြီအခု”

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ MNDAA တပ်က သိန္နီတံတားကို ပြန်လည်ပြုပြင်ခဲ့ပေမယ့် အိမ်စီးကားနဲ့ ၆ ဘီးကားလောက်သာဖြတ်သန်းခွင့်ပြုပြီး ကုန်တင်ကားအကြီးစားတွေကိုတော့ ဖြတ်သန်းခွင့်မပေးခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက် မနက်ပိုင်းမှာ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမပေါ်ရှိ သိန္နီတံတားကို ကျိုးကျပျက်ဆီးသွားခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။