ယာရူစိင်၊ မတ်လ ၄ ရက်၊ သိန္နီ

ကိုးကန့်တပ် (MNDAA)ထိန်းချုပ်ထားတဲ့ သိန္နီမြို့နယ်မှာ ဆီတင်တဲ့ ကားတွေကို ကိုးကန့်တပ်က အခွန်ကောက်ခံနေပြီး ဆီတင်တဲ့ ၁၂ဘီးကား ၁စီးကို သိန်း ၁၀၀နီးပါးထိ ကောက်ခံနေတာကြောင့် ဆီကားတွေ ပိတ်မိနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မနေ့ မတ်လ ၃ ရက်က စတင်ကောက်ခံနေတာဖြစ်ပြီး သိန္နီမြို့အထွက် တိုးဂိတ်မှာ ဆီတင်တဲ့ ၁၂ ဘီးကားတစ်စီးကို ကိုးကန့်တပ်က ငွေကျပ်သိန်း (၉၀)နီးပါးထိ ကောက်ခံနေကြောင်းကို မြေပြင်အခြေအနေ သိရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အရင်ကဆို‌ရင်တော့ ၁၂ ဘီးကားဆို သိန်းဂဏန်းလောက်ပဲ ပေးရတယ်။ ဖြတ်ပိုင်းလဲ ပေးတယ်။ ဘာမှ မတင်ရင် ၁ သောင်း ၂ သောင်းလောက်ပဲ ပေးရတာ။ မနေ့ကစပြီးတော့ အလေးချိန်နဲ့ စကောက်တာပေါ့။ ကားတစ်စီးကို အမြတ်က ၅ သိန်းလောက်ပဲ မြတ်တာလေ။ သူတို့က အဲလိုမျိုး သိန်းတစ်ရာအောက် ကောက်နေပြီဆိုတော့ သူတို့ကို လုပ်ကျွေးနေရတဲ့ ပုံစံမျိုးဖြစ်နေတယ်ပေါ့။ သူတို့အခု တရုတ်ငွေနဲ့ တွက်ပြီး ကောက်နေတာ”

သိန္နီမှာ အရင်က ဆီအပြည့်တင်တဲ့ ၁၂ ဘီးကား တစ်စီးကို ငွေ ၂ သိန်းကျပ်ဝန်းကျင်‌သာ အခွန်ပေးဆောင်ရပေမဲ့ လက်ရှိမှာတော့ သိန်းရာချီနီးပါးအထိ အခွန်ပေးကောက်နေတာကြောင့် ဆီကားအချို့ နောက်ပြန်လှည့်သွားကြပြီလို့ ဆိုပါတယ်။

အခုလို ကိုးကန့်တပ်က စက်သုံးဆီ တင်တဲ့ ကားတွေကို အခွန် အဆမတန် ကောက်ခံနေတာဟာ သိန္နီမြို့အထက်မှာရှိတဲဘ နမ့်ခမ်းမြို့နဲ့ ကွတ်ခိုင်မြို့အပြင် ညီနောင်မဟာမိတ် ထိန်းချုပ်ထားတဲ့ ၁၀၅မိုင်မှာလဲ ဆီဈေး အဆမတန် မြှင့်တက်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

စက်သုံးဆီတွေ စျေးမြင့်တက်လာတာကို ကာကွယ်ဖို့အတွက် ဆီကားတွေကို တအာင်းတပ်(TNLA)ကတော့ အခွန်ကင်းလွတ်ခွင့် ပေးထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။