ဓာတ်ပုံ- Local

လွေးဇွန်မိုး၊ မတ်လ ၂၂ ရက်၊ ကွတ်ခိုင်

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မန်တုံရွာခံ ၃ ဦး ထင်း ခိုးတယ်ဆိုပြီး ကိုးကန့်တပ်- MNDAA က ဖမ်းဆီးရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက် မနက် ၁၀ နာရီခွဲက ဟိုကျန့်ကျေးရွာအုပ်စု မန်တုံရွာအနီးမှာ ထင်းခုတ်နေချိန် MNDAA တပ်က အင်အား ၄၀ ခန့်နဲ့ လာရောက် ဖမ်းဆီးခဲ့တာလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ကို ဘာမှမေးမြန်းတာမရှိပဲနဲ့ လာဖမ်းပြီး ရိုက်နှက်တာ။ သူတို့(MNDAA) လာပြောတာတော့ ကျနော်တို့က သူတို့ရဲ့ နယ်မြေထဲ ထင်း ခိုးခုတ်တယ်ဆိုပြီးတော့ ဖမ်းသွားတာပေါ့။ ကျနော်တို့ထဲက တစ်ယောက်ဆို ခေါင်းပေါက်ပြီး သွေးထွက်တဲ့အထိ ရိုက်ခံရတာ။ ခေါင်းအပြင် ခြေထောက်၊ လက်နဲ့ ကျောကုန်းတွေမှာလည်း ရိုက်ခံရတယ်။ သူတို့ပြန်လွှတ်ပေးခဲ့တဲ့နေ့မှာပဲ ဆေးရုံ သွားတက်ရတယ်”

ဖမ်းဆီးရိုက်နှက်ခံရသူ ၃ ဦးဟာ အသက် ၅၂ နှစ်အရွယ် ဦးချာထင်၊ ၄၃ နှစ်အရွယ် ဦးခင်မောင်ဇင်နဲ့ ၂၄ နှစ်အရွယ် မိုင်းညီလှိုင်းတို့ပဲ ဖြစ်ပါတယ်။

အဲဒီမြေနေရာဟာ အရင်က မန်တုံနဲ့ တုံဆင်ကြီးရွာက ဒေသခံတွေရဲ့ ဘိုးဘွားပိုင်မြေဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ စစ်ကောင်စီတပ်က အတင်းအဓမ္မ သိမ်းယူခဲ့တာလို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

“အဲမြေနေရာက အရင်ကတည်းက ကျနော်တို့ရွာပိုင်မြေပဲ။ စစ်ကောင်စီတပ်က သစ်ပင်စိုက်မယ်ဆိုပြီး သိမ်းသွားတာ။ သိမ်းသွားပြီးတော့ ၂၀၁၅ ခုနှစ်တုန်းက ကျနော်တို့ကို စာရွက်စာတမ်းနဲ့ ပြန်လာအပ်ပေးတယ်။ ဒါပေမဲ့ အဲတုန်းက ဦးတီခွန်မြတ်တို့ ပြည်သူ့စစ်အဖွဲ့ ရှိနေတော့ ကျနော်တို့လည်း သွားမခုတ်ရဲဘူး။ အခုက စစ်ကောင်စီတပ် မရှိတော့လို့ ကျနော်တို့ ကိုယ့်မြေနေရာထဲမှာ ထင်း ပြန်သွားခုတ်တာပေါ့”

ဖမ်းဆီးရိုက်နှက်ခံရတဲ့ ဒေသခံ အမျိုးသား ၃ ဦးကိုတော့ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက် နေ့လယ် ၂ နာရီမှာ ထင်း ခိုးခဲ့ကြောင်း ခံဝန်လက်မှတ် ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ဆိုပါတယ်။

MNDAA တပ်က အခုလို ဒေသခံကို စစ်ဆေး​မေးမြန်းတာမရှိပဲ ဖမ်းဆီးရိုက်နှက်ခဲ့တဲ့အပေါ် MNDAA ဘက်က သက်ဆိုင်ရာ တာဝန်ရှိသူအနေနဲ့ တာဝန်ယူ ဖြေရှင်းပေးဖို့ ဒေသခံတွေက တောင်းဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။