ဓာတ်ပုံ- Irrawaddy

ရွှေဖီမြေ၊ မတ်လ ၁ ရက်၊ နမ့်ဆန်

အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန- MoD ရဲ့ ဝန်ကြီး ဦးရည်မွန်ဟာ တအာင်းပညာရေးထီဆု ပေါက်ခဲ့ပါတယ်။

ဒီနေ့ မတ်လ ၁ ရက်မှာ (၂၁)ကြိမ်မြောက်အဖြစ် ဖွင့်လှစ်တဲ့ တအာင်းပညာရေးထီရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ ကျပ်သိန်း ၅၀၀ ရဲ့ ကိန်းဂဏန်းတူ တွတ်နဲ့ ၅ ရာခိုင်နှုန်းဆု ကျပ် ၂၅ သိန်း ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

တအာင်းတပ်မတော်- TNLA ထိန်းချုပ်နယ်မြေဘက် ဖေဖော်ဝါရီလထဲ ရောက်ရှိခဲ့တဲ့ ဝန်ကြီး ဦးရည်မွန်ဟာ တအာင်းထီ ၅ အုပ် (ကျပ် ၁၀ သိန်း) ထိုးခဲ့​တာဖြစ်ပြီး သိန်း ၅၀၀ ကံထူးရှင်ကတော့ ရခိုင်အမျိုးသားတစ်ဦး ဖြစ်​ပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လကစပြီး တအာင်းထီကို ဖွင့်လှစ်ခဲ့ပြီးတော့ ရရှိလာတဲ့ ရန်ပုံငွေကို တအာင်းပြည် ပညာရေးကောင်စီ- TLEC က ဖွင့်လှစ်ထားတဲ့ ကျောင်းပေါင်း ၅၀၀ နဲ့အထက်အတွက် အသုံးပြုနေပါတယ်။

လာမယ့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ TLEC က နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်မှာ ကျောင်းပေါင်း ၇၀၀ ကျော် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

လာမယ့် လတွေမှာ ထီ ထိုးလိုသူနဲ့ ကံစမ်းလိုသူအနေနဲ့ ထီ Page https://www.facebook.com/share/1Bf9eDCD9d/ ထဲ ဝင်ရောက်ကာ ထီ ထိုးနိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။