ဓာတ်ပုံ – Local

မိုင်းပန်ပျော်၊ ဇန်နဝါရီ ၂၅ ရက်၊ ကွတ်ခိုင်

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာမှာ ရွှေအလွန်အကျွံ တူးဖော်မှုကြောင့် အသုံးပြုဖို့ရေ အခက်အခဲ ကြုံနေရပါတယ်။

မိုင်းယုလေးနဲ့ နမ့်ဖတ်ကာကြားမှာရှိတဲ့ နမ့်မော ရေချောင်းဟာ ‌ဒေသခံတွေ ဟင်းသီးဟင်းရွက် ဆေးကြောဖို့၊ အဝတ်အစား လျှော်ဖို့နဲ့ ရေချိုးဖို့ အဓိက အသုံးပြုကြပြီး လက်ရှိမှာတော့ ရွှေအလွန်အကျွံ တူးဖော်မှုကြောင့် ရေ‌ နောက်ပြီး သုံးလို့မရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“နမ့်မောချောင်းက အဝတ်လျှော်တာတို့ ဟင်းသီးဟင်းရွက် ဆေးတာ ရေချိုးတာတွေအတွက် သုံးတာလေ။ ‌အခု ရေနောက်တော့ အဆင်မပြေတော့ဘူး။ အိုးတွေဘာတွေ ဆေးချင်တာ အမြဲတမ်း (ရေ)နောက်တယ် ရိုးရိုးနောက်တာ မဟုတ်ဘူး တအားနောက်တာ သုံးလို့မရဘူး။ အ‌ဝတ်လျှော်လည်း မရဘူး”

နမ့်မောချောင်းမှာ‌ ရွှေတူးဖော်နေမှုဟာ တအာင်းတပ်- TNLA ရဲ့ ခွင့်ပြုချက်နဲ့ တရုတ်ကုမ္ပဏီတချို့က ‌တူးနေတာအပြင် မိုင်းယုလေးနဲ့ နမ့်ဖတ်ကာဒေသခံ ကိုယ်ထူကိုယ်ထ တူ‌းတာလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ရွှေတူးလုပ်ငန်းကို ပြီးခဲ့တဲ့နှစ်တွေက ရပ်နားခဲ့ပြီး ၂၀၂၄ နှစ်ကုန်ပိုင်းမှ ရွှေတူးတဲ့လုပ်ငန်းကို ပြန်လည် စတင်တာ ဖြစ်ပြီးတော့ မိုင်းယုလေးရွာအထက်နားက နားဝီးဆိုတဲ့နေရာမှာ တူးတာဖြစ်တယ်လို့ ဆိုပါတယ်။

မိုင်းယုလေးဒေသခံ အမျိုးသမီးတစ်ဦးကလည်း “ရေက အခုထိ အရမ်းနောက်နေတော့ ဘာမှသုံးလို့ မရဘူး။ အခုက ရေ ရှားနေတာလေ။ တူးချင်ရင်လည်း ဒေသခံတွေ အသုံးပြုဖို့ရေ အဆင်ပြေအောင် လုပ်ပေးဖို့ တူးတဲ့သူနဲ့ တာဝန်ရှိသူကို သွားပြောကြသေးတယ်။ ဘယ်လို ပြန်လုပ်ပေးမလဲဆိုတာကိုတော့ ဘာမှမသိရသေးဘူး” ဆိုပြီး ပြောပါတယ်။

အဲဒီချောင်းရေကို မိုင်းယုလေး၊ မန်တုံ၊ မန်ပလန်း၊ ပန်လော့နဲ့ ဟိုခိုရွာခံတွေ အသုံးပြုကြတာဖြစ်ပြီး ချောင်းရေ အရင်ကလို ‌ပြန်လည် အသုံးပြုနိုင်ဖို့အတွက် ရွှေတူးတာကို ရပ်တန့်ပေးဖို့ ဒေသခံတချို့က တောင်းဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း အဲဒီချောင်းထိပ်မှာ ရွှေတူးဖော်မှုကြောင့် ‌ကျေးရွာ ၁၀ ရွာက ဒေသခံတွေဟာ အသုံးပြုဖို့ရေ အခက်အခဲ ကြုံရခဲ့ရဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။