ဓာတ်ပုံ – MDY PDF

မိုင်းရူပ၊ ဒီဇင်ဘာ ၁၅ ရက်၊ သပိတ်ကျင်း

မန္တလေး PDF နဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း.သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းရွာကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်နိုင်ခဲ့ကြောင်း မြေပြင်အခြေအနေသိရှိတွေက ရွှေဖီမြေကိုပြောပါတယ်။

စစ်ကောင်စီက ဖော့တော့ကျေးရွာကနေတစ်ဆင့် ထိုးစစ်ဆင်လာဖြစ်ပြီး မနေ့ ဒီဇင်ဘာ ၁၄ ရက်မှာတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဇရပ်ကွင်းကျေးရွာကို ​ပြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ဇရပ်ကွင်းက စကစပြန်ရသွားပြီ။ ဖော့တော့ကနေ မိုးကုတ်ဘက်ကို မထိုးဘဲနဲ့ ဇရပ်ကွင်းဘက်ကို ထိုးလာတာ” လို့ မြေပြင်သတင်းအရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဇရပ်ကွင်းကျေးရွာဟာ အိမ်ခြေထောင်ချီရှိတဲ့ ကျေးရွာဖြစ်ပြီး မိုးကုတ်- မန္တလေးလမ်းပေါ်ရှိ ကျေးရွာကြီး ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ မိုးကုတ်- မန္တလေးလမ်းပိုင်းကို ထိန်းချုပ်ဖို့ မတ္တရာကနေ စဉ့်ကူးဘက်ကို ထိုးစစ်ဆင်နေသလို ဖော့တော့လမ်းဆုံကနေလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ဇရပ်ကွင်းရွာနဲ့ လိပ်ကျရွာကို ဆက်သွယ်ထားတဲ့ တံတားကို PDF တပ်တွေဘက်က မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ မနေ့မှာ ထုတ်ပြန်ထား​ပါတယ်။

လက်ရှိ မတ္တရာကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဟာ စဥ့်ကူးမြို့နဲ့ ၁၀ မိုင်အကွာ ထုံကြီးကျေးရွာအထိ ထိုးစစ်တွေရောက်လာပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်းကစပြီး မန္တလေး PDF နဲ့ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ စဥ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ ​ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ မတ္တရာမြို့ပေါ်က နေရာတွေအပါအဝင် သပိတ်ကျင်းမြို့ကိုပါ ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး စဥ့်ကူးမြို့နယ်ထဲကို ထိုးစစ်ဆင်လာဖို့ ကြိုးစားနေတာဖြစ်ပြီး တော်လှန်ရေးတပ်တွေဘက်က စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်ကို ခုခံနိုင်ဖို့ ခက်ခဲနိုင်တဲ့အခြေအနေလို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ််။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။