ဓာတ်ပုံ – Local

ရဲမာန်၊ အောက်တိုဘာ ၇ ရက်၊ မုံရွာ

စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦးနယ်စပ် မုံရွာ-အမြန်လမ်းတ‌စ်နေရာမှာ ဆီးမီးသပိတ်ပြုလုပ်နေတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို‌ ပြောပါတယ်။

မနေ့ စက်တင်ဘာ ၆ ရက် သီတင်းကျွတ်လပြည့် ည ၈ နာရီဝန်းကျင်မှာ စက်တပ်လေထီးနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၄၀ ဦးသေဆုံးပြီး ၇၀ ကျော်ဒဏ်ရာရရှိတယ်လို့ ၎င်းက ပြောပါတယ်။

“ဆီမီးသပိတ်ပြုလုပ်တဲ့နေရာက အန္တရာယ်အတော်များတဲ့နေရာပါ။ အနားမှာ စစ်ကောင်စီ ဂိတ်စခန်းတွေပတ်လည်ဝိုင်းနေတဲ့နေရာ ဒေသတစ်ခုပါ။ သာမန်အချိန်နေ့ရက်တောင် ကြိုကြားကြိုကြား ဒရုန်းကင်းထောက် ဒရုန်းနဲ့ ဗုံးသီးမကြာခနကြဲချ လက်နက်ကြီးတွေ မကြာခနရမ်းသမ်းထုခံနေရတဲ့ အရပ်ဒေသပတ်ဝန်းကျင်ပါ။ သေဆုံးသူတွေထဲမှာ သုံးတန်း လေးတန်း ကလေးတွေ အများဆုံးသေတာဘဲ”

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေရာမှာတင် ၂၀ ဦးသေဆုံးပြီး ဒီနေ့ အောက်တိုဘာ ၇ ရက်အရောက်မှာတော့ ၄၀ ဦးထိ သေဆုံးမှုမြင့်တက်လာခဲ့တယ်လို့ ၎င်းကဆိုပါတယ်။

“တချို့ဆို ရှာမတွေ့ဖြစ်နေတယ်။ခြေဖြတ်ရလက်ဖြတ်ရတာတွေလည်းအများကြီးဘဲ။ ပြေးရင်းလွားရင်းဒဏ်ရာနဲ့ တစ်ခြားနေရာမှာ ဝေဒနာခံစားနေရလား သေနေမလား မသိအောင်ပါ။ ဆီမီးသပိတ်ဦး‌ဆောင်ပြုလုပ်သူဟာ ဦးနှောက်မရှိမတွေးခေါ်တတ်တာလားလို့ဘဲ နောက်ဆုံးပြောချင်ပါတယ်” လို့ အထက်ပါ အမျိုးသားကပြောပါတယ်။

၎င်းတိုက်ခိုက်မှုကြောင့် သွေးတွေအရေးပေါ်လိုအပ်‌နေတဲ့ပြီး ဒဏ်ရာရရှိသူတွေနဲံ သေဆုံးသူတွေလည်း ထပ်တိုးလာနိုင်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။