ဓာတ်ပုံ- MOI

မိုင်းအရှိုင်း၊ မေလ ၇ ရက်၊ တောင်ကြီး

ရှမ်းတောင် တောင်ကြီးမြို့မှာ စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ မကြာခဏ ရောက်လာပြီး မြို့တွင်းမှာ လိုင်စင်မပါတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီက ဖမ်းဆီးသိမ်းယူနေတာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

တောင်ကြီးမြို့နေ မြို့ခံတစ်ဦးက “၄ နာရီခြားတစ်ခါ မီးလာတဲ့ တောင်ကြီးကို မဲလုံးနဲ့ မအလ ခဏခဏ လာတယ်။ သူတို့လာရင် လူတွေ့စရာတောင် မလိုဘူး။ မီးတစ်နေကုန်လာရင် သူတို့ရောက်တာပဲ” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က လိုင်စင်မပါတဲ့ ကားနဲ့ ဆိုင်ကယ်ကို ရှောင်တခင်စနစ်နဲ့ ဆက်တိုက် ဖမ်းဆီးသိမ်းယူတာတွေ လုပ်ဆောင်လာတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လိုင်စင်မဲ့ကားတွေဖမ်းတာ သူ့အချိန်နဲ့သူ ရှိတယ်။ ကောက်ဖမ်းချင်တဲ့အချိန် ဖမ်းတာ။ ဒါပေမဲ့ အခုတလော တောက်လျှောက်ပဲ။ ကြည့်ကြည့်ပြီး မောင်းရတာပေါ့။ လွတ်မပေးဘူး တော်တော်များများ နောက်ခံရှိမှ အဆင်ပြေတာ”

မြို့တွင်းရှိ တက္ကသိုလ်နဲ့ မီးပွိုင့် စတဲ့နေရာမှာ လိုင်စင်မပါတဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးနေသလို ဆိုင်ကယ်ဦးထုပ် မဆောင်းသူတွေဟာ အနည်းဆုံး ၃ သောင်း ပေးဆောင်ရတယ်လို့ အမည်မဖော်လိုတဲ့ မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဖမ်းတယ်လေ အခုလည်း။ ဦးထုပ် မဆောင်းလို့ ၃ သောင်း ပေးရတာ။ ကျမမှာ ပိုက်ဆံ မပါလို့ K- Pay နဲ့ ပေးရသေးတယ်”

ရှမ်းပြည်အတွင်း ဝင်ရောက်လာကြတဲ့ ကားအကုန်လုံးနီးပါးက မှောင်ခိုလမ်းမှ ကမ်းကူးပြီး ရောက်လာတဲ့ကားတွေဖြစ်သလို ရှမ်းပြည်မှာ အရင်ကတည်းက လိုင်းစင်မဲ့ကားတွေသာ စီးခဲ့ကြပြီး ၁၀၂၇ စစ်ဆင်ရေးပြီးနောက်ပိုင်းမှ စစ်ရှောင်အများစု ရောက်ရှိချိန် အခုလို ဆက်တိုက် ဖမ်းဆီးလာတာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။