ဓာတ်ပုံ – Facebook

အိုက်ပွီး၊ အောက်တိုဘာ ၁၇ ရက်၊ ကလေး

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်က ရဟတ်ယာဥ်နဲ့ တပ်အင်အားတွေ ဖြည့်တင်းပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကလေးမြို့မှာ မနေ့ အောက်တိုဘာ ၁၆ ရက်က Y-18 ရဟတ်နဲ့ ၅ ကြိမ်ခန့် ဆင်းသက်ပြီး စစ်အင်အားတွေ ဖြည့်တင်းနေသလို ဟံသာဝတီ (ပျူစောထီး)ရွာကိုလည်း ရဟတ်ယာဥ်နဲ့ တပ်အင်အားတွေ ဖြည့်တင်းသွားတယ်လို့ သိရပါတယ်။

“ကလေးမြို့မှာ ၅ ကြိမ်လောက် ဆင်းတယ်။ လူတွေ အများကြီးပါလာတာ တွေ့ရတယ်။ လက်နက်ခဲယမ်းတွေ ကားတွေနဲ့ သယ်သွားတာလည်း တွေ့ရတယ်။ တပ်အင်အားဖြည့်တဲ့ သဘောပါ။ ဟံသာဝတီရွာဘက်လည်း ဆင်းတယ်။ ပျူရွာဆိုတော့ အဲရွာမှာလည်း တပ်အင်အားဖြည့်တာပဲ ဖြစ်နိုင်ပါတယ်။ အရင်ရက်တွေကလည်း မကြာခဏ လာတယ်” လို့ ကလေးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ကလေးမြို့မှာ ဆင်းသက်လာတဲ့ ရဟတ်ယာဥ်ပေါ်မှာပါလာတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ လက်နက်ခဲယမ်းတွေကို တိုက်ပွဲဖြစ်နေတဲ့ ကလေးမြို့နယ်မြောက်ပိုင်းကို စစ်ကား (၁၁) စီးဖြင့် မောင်းနှင်ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကလေး – တမူး၊ ကလေး – ခမ်းပတ်၊ ကလေး – ဂန့်ဂေါ စတဲ့ ကားလမ်းမတွေကို နယ်မြေပြန်လည်စိုးမိုးဖို့ တပ်အင်အားတွေ ဖြည့်တင်းပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

“ကလေး-ခမ်းပတ် ကားလမ်းဘက် စစ်ကြောင်းထိုးဖို့ စစ်ကောင်စီတပ်တွေ လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ပြင်ဆင်မှုတွေ ပြုလုပ်တာရှိပါတယ်။ ကလေး – ဂန့်ဂေါဘက်လည်း စစ်ကြောင်းထိုးလာနိုင်သလို ကလေး-တမူး ကားလမ်းဘက်လည်း စစ်ကြောင်းထိုးလာနိုင်ပါတယ်။ အခု စစ်ကောင်စီတွေ တောက်လျှောက် တပ်အင်အား ဖြည့်နေပါတယ်။ နယ်မြေစိုးမိုးဖို့ လုပ်ဆောင်နိုင်ပါတယ်။” လို့ ကလေးမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လက်ရှိမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ကလေး-ခမ်းပတ် ကားလမ်းမတလျှောက်ရှိ ပြည်သူတွေကို တိမ်းရှောင်ဖို့ ပြောဆိုတာရှိသလို ပြည်သူတွေကလည်း ကြိုတင်ထွက်ပြေး တိမ်းရှောင်မှုတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

ကလေးမြို့ စစ်ကောင်စီနဲ့ ပျူစောထီးတွေက ကလေး – ခမ်းပတ်၊ ကလေး – တမူး၊ ကလေး – ဂန့်ဂေါ ကားလမ်းမတွေ ပြန်သိမ်းဖို့ ကြွေးကြော်ထားတယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။