ဓာတ်ပုံ – Local

အိုက်ပွီး၊ မေလ ၁၄ ရက်၊ တမူး

စစ်ကိုင်းတိုင်း၊ တမူးမြို့က စစ်ကောင်စီနဲ့ ပျူစောထီးတွေဟာ ရိက္ခာတွေ ပြတ်လပ်နေတဲ့အတွက် အိန္ဒိယဘက်ခြမ်း ကျေးရွာတွေမှာ ဝယ်ယူနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက တမူးမြို့သိမ်းတိုက်ပွဲ ပြင်ဆင်နေတဲ့အတွက် စစ်ကောင်စီဆီ ရိက္ခာမရောက်ရအောင် ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ကစပြီး ကုန်စည်စီးဆင်းမှုကို ပိတ်ထားတာဖြစ်ပါတယ်။

ဒါကြောင့် ရိက္ခာပြတ်လပ်နေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေဟာ အိန္ဒိယဘက်ခြမ်း ကျေးရွာတွေမှာ ကားတွေနဲ့ ရိက္ခာတွေ ဝယ်ယူတင်သွင်းနေရတာဖြစ်ပါတယ်။

“PDF တွေက လမ်းကြောင်း ပိတ်ပြီးမှ ဒီဘက် လာဝယ်ကြတာပါ။ အရင်ကတော့ မရှိဘူး။ တစ်ခါလာပြီဆိုရင် လူအင်အား ၁၀၀ လောက်နဲ့ ကား ၃ စီး၊ ၅ စီးနဲ့ တပြိုင်နက် လာကြတယ်။”လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အဲဒီလို ရိက္ခာတွေ လာဝယ်ယူတဲ့ခါ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ယူနီဖောင်းတွေ၊ သေနတ်၊ ခဲယမ်းအပြည့်အစုံနဲ့ လာကြတာဖြစ်ပြီး အိန္ဒိယစစ်တပ်ကလည်း ခွင့်ပြုထားပါတယ်။

“စစ်သားတွေက စစ်ကားတွေ၊ ယူနီဖောင်းတွေ၊ လက်နက်ခဲယမ်းတွေနဲ့အပြည့်အစုံ ဝတ်ဆင်ပြီး လာဝယ်ကြတာပါ။ နယ်စပ်ဂိတ်က အိန္ဒိယစစ်တပ်တွေကလည်း မြင်တယ်။ ခွင့်ပြုထားတယ်။ ဘာမှမပြောဘူး။ တခါတလေ ညဘက်တွေမှာ လာဝယ်ကြတာလည်းရှိတယ်။”လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကုန်စည်စီးဆင်းမှု ပိတ်ထားတဲ့အတွက် တမူးမြို့မှာ အခြေခံစားသောက်ကုန်တွေ စတင်ပြတ်လပ်နေပြီ ကုန်စျေးနှုန်းတွေလည်း မြင့်တက်နေပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက တမူးမြို့သိမ်းတိုက်ပွဲ တစ်လနီးပါး ပြင်ဆင်ဆောင်ရွက်နေတယ်လို့ အသိပေးလာပေမယ့် လက်ရှိအချိန် တိုက်ပွဲဖြစ်ပွါးတာတော့ မရှိသေးပါဘူး။

ဒါပေမယ့် စစ်ကောင်စီနဲ့ ပျူစောထီးတွေက တမူးမြို့သိမ်းတိုက်ပွဲအတွက် လိုအပ်တဲ့ ခံစစ်တွေ သေချာပြင်ဆင်ရွက်နေကြသလို လုံခြုံရေးတွေလည်း တင်းကြပ်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။