ဓာတ်ပုံ – SAC (မိုးကုတ်မြို့ထဲကို စစ်ကောင်စီဝင်လာစဉ်)

မိုင်းရူပ၊ ဒီဇင်ဘာ ၃ ရက်၊ မိုးမိတ်

တရုတ်ရဲ့ ကြားဝင်မှုနဲ့ ရှမ်းမြောက် မိုးမိတ်မြို့ကို ပြန်ရခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မြို့ပြင်နေရာတွေအထိ တပ်စွဲထားပြီး မိုးမိတ် – တွင်းငယ်လမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ မြေပြင်အခြေအနေ သိရှိသူတချို့က ရွှေဖီမြေကို ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဟာ မိုးကုတ် – မိုးမိတ်လမ်းပိုင်းကို ထိန်းချုပ်ထားသလို မိုးမိတ်- တွင်းငယ်လမ်းပိုင်း မန်းကျည်းပင်ကျေးရွာအထိ ရောက်ရှိနေလာတယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အခု စကစရောက်နေတဲ့ မန်းကျည်းပင်းရွာအကျော်မှာ SSPP တွေ ရှိတယ်။ ပြီးတော့ KIA၊ PLA၊ ပကဖတို့ ရှိတယ်။ မန်းကျည်းပင်ကနေ ဆက်သွားရင် တွင်းငယ်ဘက် ရောက်မယ်။ မိုးမိတ် – မဘိမ်းလမ်းကတော့ KIA တွေ ရှိတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာကိုလည်း ထိန်းချုပ်ထားတာကြောင့် မိုးမိတ်ကနေ ထိုးစစ်ဆင်လာရင် မိုးမိတ်နဲ့ တွင်းငယ်ကြားမှာရှိတဲ့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

လက်ရှိ မိုးမိတ်မြို့တွင်းထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ စစ်အင်အား ရာနဲ့ချီ ရှိနိုင်ပြီး အုပ်ချုပ်ရေးယန္တရားကိုတော့ လည်ပတ်နိုင်တာ မရှိသေးပါဘူး။

စစ်ကောင်စီတပ်ဟာ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ နဲ့ ၃၀ ရက်မှာ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။