ဓာတ်ပုံ – Local

ခိုင်‌လေး၊ မေလ ၁၅ ရက်၊ စလင်း

‎မကွေးတိုင်း၊ စလင်းမြို့နယ် မကျီးကုန်းရွာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၆၀ ရှိတဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

‎မနေ့ မေလ ၁၄ ရက် နေလယ် ၃ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မကျီးကုန်းရွာက ဒေသခံတွေကို ပစ်မှတ်ထားပြီး လေကြောင်းနဲ့ နှစ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဗမာ့‌တပ်တော် – BA မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ထွန်းက ရွှေဖီမြေကို ပြောပါတယ်။

‎”မကျီးကုန်းရွာ စာသင်ကျောင်းပေါ်ကိုချသွားတာဖြစ်ပါတယ်။ ဒါပေမဲ့ စာသင်ကျောင်းပေါ်မကျပါဘူး။ ကျောင်းရဲ့တောင်ဘက်ကိုကျပါတယ်။ အသက်‌ ၆၀ ခန့်အမျိုးသမီးကြီးခြေထောက်ကိုဒဏ်ရာရသွားပါတယ်(မစိုးရိမ်ရ)။ နောက်ထပ်တစ်လုံးက ၎င်းရွာရဲ့ဘုန်းကြီးကျောင်းကိုလည်းချသွားပါတယ်။ ဒါပေမဲ့ဘုန်းကြီးတော့ထိခိုက်တာမျိုးမရှိဘူး။ ချသွားတဲ့ဗုံးကတော့ ပေါင် ၅၀၀ ဗုံးလို့သိရပါတယ်ဗျ”

‎စစ်ကောင်စီတပ်ဟာ အခု ရက်ပိုင်း အများပြည်သူအသုံးပြုနေတဲ့ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦး အပြင် ဒေသခံတွေ နေထိုင်တဲ့ နေရာတွေကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှု ခပ်စိပ်စိပ် ပြုလုပ်‌နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ဝေဟင်သတိ အမြဲရှိဖို့ အသိပေးတိုက်တွန်းထားပါတယ်။

‎မေလ ၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုးပြီး ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အပြစ်မဲ့ဒေသခံ ၆၇ ဦး သေဆုံး ခဲ့တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

‎ပြီးခဲ့တဲ့ မေ ၁၃ ရက်ကလည်း စလင်းမြို့နယ်၊ ကူရင်းချောက်ရွာအုပ်စု၊ ညောင်ပင်သာရွာဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ဗုံးကြဲချ တိုက်ခိုက်ခဲ့ပါသေးတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။