ဓာတ်ပုံ – VOM

‎ခိုင်လေး၊ ဧပြီ ၂၈ ရက် ၊မတ္တရာ

‎မန္တလေးတိုင်း မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်း ရုံးပင်ရွာ အနီး တစ်ဝိုက်ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး နှစ်လုံး လေကြောင်းကနေ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး တစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။

‎မနေ့ ဧပြီ ၂၇ရက် မနက် ၁၂ နာရီ ၁၅ မိနစ်က Jet Fighter တစ်စီးနဲ့ ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရုံးပင်ရွာက တိုက်၂ လုံးပျက်စီးခဲ့ပြီး အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

‎‎”နှစ်လုံးကြဲတယ်။ ပထမ တစ်လုံးက ရုံးပင်ရွာမှာ ကျတယ်။ အမျိုးသမီး တစ်ဦးနဲ့ တိုက်အိမ် နှစ်လုံး ထိခိုက်တယ်။ နောက် ဒုတိယအကြိမ် ပြန်ကြဲတော့ လယ်ကွင်းထဲကျတယ်။ ထိခိုက်မှု တော့မရှိဘူး”

‎‎ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့ ည ပိုင်း၁၁နာရီ ဝန်းကျင်ကလည်း မတ္တရာမြို့ အရှေ့ဘက်ခြမ်း ရှမ်းရွာမှာ စစ်ကောင်စီက ဟောင်ဝစ်ဇာနဲ့ ရမ်းသမ်းပစ်ခတ်မှူကြောင့် ဦးဇင်း ၃ ပါးထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

‎မတ္တရာဘက်မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွား ခြင်းမရှိတဲ့ နေရာ‌တွေမှာ ပြည်သူအိုးအိမ် တွေကို အဓိကစစ်ရေးပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေတာကြောင့် ဒေသခံတွေအနေနဲ့ သတိထားပြီးနေထိုင်ကြဖို့ Voice of Mandalay မှ အသိပေး တိုက်တွန်းထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။