မိုင်းရူပ၊ အောက်တိုဘာ ၄ ရက်၊ နမ့်ဆန်
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့အနီးရှိ ဇယ်တုန်ဟုန်းကျေးရွာထဲ ဒီနေ့ အောက်တိုဘာ ၄ ရက် နေ့လယ် ၁၂ နာရီကျော်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
“ဇယ်တုန်ဟုန်းမှာ ကြဲတာ။ နှစ်နေရာ လာကြဲသွားတာ” လို့ နမ့်ဆန်မြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကို ရွှေဖီမြေက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်တပ်ဟာ တအာင်းတပ် ထိန်းချုပ်ထားတဲ့ မန်တုံ၊ သီပေါ၊ နမ္မတူနဲ့ နမ့်ဆန်မြို့နယ်မှာ ဒီရက်ပိုင်းအတွင်း ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်လာနေပါတယ်။
အောက်တိုဘာ ၂ ရက် မနက် ၇ နာရီ ၁၅ မိနစ်မှာလည်း နမ္မတူမြို့ ရပ်ကွက် ၈ ရှိ လူနေ ထူထပ်တဲ့ နယ်မြေကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၄ ဦးနဲ့ ဒဏ်ရာရသူ ၆ ဦး ရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။