ဓာတ်ပုံ- CJ (နောင်ချိုမြို့နယ် ဝါးဘိုးကုန်းရွာ ဗုံးကြဲခံရမှုမြင်ကွင်း)

မိုင်းရူပ၊ မေလ ၃ ရက်၊ မိုးကုတ်

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်အနောက်ပိုင်းကို စစ်ကောင်စီတပ်က ဒီနေ့ မေလ ၃ ရက် ည ၁၀ နာရီဝန်းကျင်မှာ ဂျက်လေယာဥ်နဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

“ဂျက်နဲ့ ၂ လုံး ကြဲတာ။ ဆင်ခွာရွာဘက်မှာ ကြဲတာ။ နေရာအတိအကျတော့ မသိရသေးဘူ” လို့ မိုးကုတ်အနောက်ပိုင်းရှိ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှု ရှိမရှိကိုတော့ ရွှေဖီမြေက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့ည ၈ နာရီမှာ နောင်ချိုမြို့နယ် ဝါးဘိုးကုန်းရွာရဲ့ စာသင်ကျောင်းကို ဦးတည်တိုက်ခိုက်တာကြောင့် ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

“အခုည နောင်ချိုမှာ ဗုံး ထပ်ကြဲတယ်။ ဝါးဘိုးကုန်း စာသင်ကျောင်း ထိခိုက်ပြီး ကလေးတစ်ယောက် ဒဏ်ရာ ရတယ်။ မစိုးရိမ်ရဘူး” လို့ နောင်ချိုမြို့ခံတစ်ဦးက ပြောပါတယ်။

ဒီနေ့မနက် ၉ နာရီကလည်း မိုးကုတ်မြို့ အနောက်ပိုင်း ကတည်းရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ အမျိုးသားတစ်ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါ့အပြင် မနေ့ မေလ ၂ ရက် ညနေပိုင်းမှာ မိုးကုတ်မြို့အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို မနေ့ညနေပိုင်းမှာလည်း TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ထဲ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ဧပြီ ၂၈ နဲ့ ၂၉ ရက်မှာ စစ်ကောင်စီနဲ့ TNLA တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ပြီးနောက် TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်ကနေ ဆုတ်ပေးဖို့ စစ်ကောင်စီရဲ့ တောင်းဆိုချက်ကို TNLA က လက်မခံတာကြောင့် စစ်တပ်က အခုလို ဆက်တိုက် ဗုံးကြဲနေတာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။