မိုင်းရူပ၊ အောက်တိုဘာ ၁၃ ရက်၊ သီပေါ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဟာ သီပေါမြို့အနီး ဘော်ကြိုရွာအထိ ရောက်လာတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အခု စကစတွေ လောင်ခွန်ရွာကို ကျော်လာပြီး ဘော်ကြိုရွာအနီးအထိ ရောက်ပြီ” လို့ ဆိုပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ ဘော်ကြိုရွာဟာ သီပေါမြို့နဲ့ ငါးမိုင်ဝန်းကျင်သာ ကွာဝေးပြီး မန်ဟဲနဲ့ နားခဲရွာအပါအဝင်စတဲ့ ကျေးရွာများကို စစ်ကောင်စီတပ် ကျော်ဖြတ်ရအုံးမှာ ဖြစ်ပါတယ်။

သီပေါမြို့ဟာ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းအတွင်း တအာင်းတပ်ဘက်က သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပြီး၊ သီပေါမြို့ကို စစ်ကောင်စီပြန်ရလာပါက မန္တလေး – သီပေါလမ်းပိုင်းကို ပြန်ထိန်းချုပ်နိုင်မယ့်အခြေအနေ ဖြစ်လာမယ်လို့ ဆိုပါတယ်။

တအာင်းတပ်ဘက်ကတော့ သီပေါမြို့နယ်က တိုက်ပွဲနဲ့ ပတ်သက်ပြီး တစ်စုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

၁ နှစ်ကျော်ကြာ တအာင်းတပ်ထိန်းချုပ်ထားတဲ့ လားရှိုး – မန္တလေးလမ်းအပေါ်ရှိ ကျောက်မဲမြို့ကို စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်မှာ ပြန်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပြီး သီပေါမြို့ဘက်ကို ဆက်တိုက် ပြန်ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။