ဓာတ်ပုံ- Info Committee Yesagyo

မိုင်းရူပ၊ မတ်လ ၁၄ ရက်၊ ရေစကြို

စစ်ကိုင်းတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးနေပြီး နေအိမ် မီးရှို့တာတွေ ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက်စကပြီး အင်အား ၂၀၀ ကျော်ရှိတဲ့ စစ်ကြောင်းဟာ ရေလယ်ကျွန်းဒေသထဲ စစ်ကြောင်းထိုးနေပြီး နေအိမ် မီးရှို့ကာ အရပ်သားတွေလည်း စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်တာ ခံခဲ့ရပါတယ်။

မနေ့ မတ်လ ၁၃ ရက်မှာ စစ်ကြောင်းဟာ ရေစကြိုနဲ့ မြောင်မြို့နယ်အစပ်မှာရှိတဲ့ ပန်ညိုကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေစကြိုမြို့နယ်မှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“လက်ရှိ စစ်ကြောင်းက ရေစကြိုမြို့နယ် သာခေါင်ကျေးရွာမှာပဲ လက်ရှိအချိန်ထိ ရှိနေဆဲပါ။ မနေ့က မြောင်မြို့နယ် ပန်းညိုရွာကို မီးရှို့နေကြောင်း သိရပါတယ်ဗျ။ ရှေ့ရက်တွေက စစ်ကြောင်းထိုးရာမှာ ပြည်သူ ၁၄ ဦး သတ်သွားတယ်ဗျ”

ဒီနေ့ မတ်လ ၁၄ ရက်မှာ မနက် ၆ နာရီခန့်ကစပြီး ရေစကြိုမြို့နယ် လယ်ကျွန်းဒေသ မြေတော်ရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေပြီး နေအိမ် မီးရှို့နေတယ်လို့ ရေစကြိုမြို့နယ်က သတင်းတွေကို ဖော်ပြနေတဲ့ Info Committee Yesagyo က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်မှာလည်း ရေလယ်ကျွန်းဒေသမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ မြေစွန်းတော်ရွာမှာ သက်ကြီးရွယ်အိုအပါအဝင် အရပ်သား ၁၁ ဦးကို သတ်ဖြတ်ခဲ့ကာ ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Info Committee Yesagyo က ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မတ်လ ၇ ရက်ကနေ ၁၂ ရက်အထိ စစ်တပ်က စစ်ကြောင်း ထိုးနေတဲ့ ရေစကြိုမြို့နယ် သာဂေါင်လေးရွာမှ စစ်ကြောင်း ပြန်ထွက်သွားချိန် ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ အရပ်သားအလောင်း ၆ လောင်း ထပ်မံ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်တပ် အာဏာသိမ်းပြီးနောက် လွန်ခဲ့တဲ့ ၂၀၂၁ မတ်လကနေ ၂၀၂၅ ဇန်နဝါရီလအထိ ၄ နှစ်နီးပါးအတွင်း အရပ်သား ၅ ထောင်ကျော် (၅,၃၀၄ ဦး) သေဆုံးခဲ့ပြီး ၃,၇၈၈ ဦး ဒဏ်ရာ ရခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ ၄ နှစ်နီးပါးအတွင်း နိုင်ငံတဝန်းမှာ နေအိမ်ပေါင်း ၁ သိန်းကျော် (၁၁၃,၁၀၄ လုံး) မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ စာရင်းအရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။