ရွှေဖီမြေ၊ နိုဝင်ဘာ ၂၆ ရက်၊ ဝက်လက်
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့မှ ပုဏ္ဏားကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃၅ ဦး သေဆုံးခဲ့တယ်လို့ People’s Servant Revolution – wetlet မှ ဒီနေ့ နိုဝင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက် မနက် ၈ နာရီခွဲကနေ ညနေ ၆ နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်တချို့ပါ သိမ်းဆည်းရမိခဲ့တဲ့အပြင် တော်လှန်ရေး တပ်ဖွဲ့ဘက်ကလည်း ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါစစ်ကြောင်းကို ဗိုလ်ကြီး ဆန်းညွန့်ထွန်း (ကြည်း-၆၃၉၅၅) ဦးစီးပြီး တပ်မ ၃၃ လက်အောက်ခံ ခမရ-၁၁၊ ခလရ-၄၂ နဲ့ ပျူစောထီး စုစုပေါင်း အင်အား ၁၂၀ နဲ့ စစ်ကြောင်းထိုးလာခဲ့တာလို့ ဆိုပါတယ်။
၎င်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ထံမှ MA1- ၁၁ လက်၊ MA2-၃ လက်၊ MA3- ၁၀ လက်၊ ငါးကြင်းမှီး – ၂လက်၊ RPG-၁လက်၊ စနိုက်ဘာ -၁လက်၊ BA100(စိန်ပြောင်း)- ၃လက်၊ BA90(စိန်ပြောင်း) – ၁လက်၊ ဂျန်ဘာ – ၁လုံး၊ ကျည်ဘောက်-၁၆ ဘောက်၊ ၅.၅၆ ကျည်- ၃၉၀ တောင့်၊ ၇.၆၂ ကျည် – ၁၇၁၉ တောင့်၊ RPG- ၄ ဖူး၊ RPG ပို့ကျည်- ၇လုံး၊ ကျည်ကာဦးထုပ်-၁၀ လုံး၊ ဖုန်း – ၂၈ လုံး၊ အီနာဂါ- ၁၉ လုံးနဲ့ နာနတ်သီး ၇ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး စီမံချက်နဲ့ အမှတ် (၁၊၂၊၃၊၄၊၅၊၁၇) တပ်ရင်း၊ ဝက်လက်မြို့နယ် ပကဖ၊ ဟံလင်းတိုက်နယ် ပကဖ၊ အမှတ် (၂) ရွှေဘိုခရိုင် Drone အဖွဲ့၊ အမှတ် (၁/၂/၃/၄/၅/၁၇) Drone အဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ Drone အဖွဲ့နဲ့ ဒေသခံ ပကဖ တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။