ဓာတ်ပုံ – CJ

မြတ်နိုး၊ မေ ၃၀၊ ဖားကန့်

ကာမိုင်းဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ‌တပ်ဖွဲ့ တွေ မနေ့ မေလ ၂၉ ရက်နေ့ ညနေပိုင်းမှာ ဖားကန့်ကို ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“စစ်ကောင်စီတွေ ဖားကန့်ထဲ ဝင်ရောက်သွားပြီ။ ဖားကန့် တပ်မ ၃၃ ထဲ စစ်ကောင်စီ တပ်ဖွဲ့တွေ မနေ့ မေလ ၂၉ ရက်နေ့ ညန ၂ နာရီကျော်၊ ၃ နာရီခန့်က အားလုံး ဝင်ရောက်သွားပြီ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဖားကန့်ဘက် စစ်ကောင်စီတွေ ဝင်ရောက်သွားနိုင်တယ် ဆိုပေမယ့် လမ်းတလျှောက် တိုက်ခိုက်ခံရလို့ ကျန်ရှိနေတဲ့ စစ်ကောင်စီတွေသာ ဖားကန့်ထဲ ဝင်ရောက်သွားနိုင်တာလို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ လုံးခင်းထဲဝင်လာချိန် လုံးခင်း ဒေသခံတွေကို လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားခံရပြီး တိုက်ပွဲလည်း ဖြစ်ပွားခဲ့တာကြောင့် အဲဒီ ဒေသခံတွေထဲ ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိသလို စစ်ကောင်စီဘက်ကလည်း ဒေသခံ ၅ ဦးထက်မနည်း ပစ်သတ်ခဲ့တာရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“မေလ ၂၉ လုံးခင်းရွှေမှော် တည်းခိုခန်းမှာ တည်းနေတဲ့ ဗမာကောင်လေးတစ်ယောက် ကားလမ်းမှာ စစ်ကောင်စီတွေ ဖြတ်လာတာကို ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တာ စစ်ကောင်စီ တပ်ဖွဲ့တွေ ပစ်လိုက်တာ လည်ပင်းမှာ ကွက်တိ။ သေဆုံးသွားတယ်” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

လုံးခင်း တိုက်ပွဲအတွင်း ပြည်သူတွေရဲ့ ရုပ်အလောင်း ၄ လောင်းလည်း တွေ့ရှိခဲ့ကြောင်း ဒေသခံ ပရဟိတ တွေဆီက သိရပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ အင်အား ၆၀၀ ခန့် ပြီးခဲ့တဲ့ ဧပြီ လကုန်ခန့်ကစ ကားမိုင်းဘက်ကနေ ဖားကန့်ဘက် စစ်ကြောင်းချီလာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၃ ရက်ခန့်က စစ်ကောင်စီ စစ်ကြောင်းတွေ လုံးခင်း လယ်ပြင် ယမ်းချက်စက်ရုံထဲ အင်အား ၁၀၀ ကျော်၊ ၂၀၀ ခန့် ရောက်ရှိလာကာ မေလ ၂၈ ရက်နေ့ကစ လုံးခင်းကနေ ဖားကန့်ဘက်သွားနိုင်ဖို့ လှုပ်ရှားရာကတိုက်ပွဲ စဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်တွေမှာတော့ ဖားကန့်ဒေသကို ရအောင်ပြန်လည် သိမ်းယူမှာဖြစ်ကြောင်း ဝါဒဖြန့် ရေးသားထားတာကို တွေ့ရလို့ ဒေသခံတွေက တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။