ရွှေဖီမြေ၊ မေလ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ မလုပ်ခဲ့ဘူးလို့ စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာ ရပ်တည်နေတဲ့ MRTVရုပ်သံ သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ- NUGက ဖွင့်လှစ်ထားတဲ့ ကြားကာလစာသင်ကျောင်းကို မနေ့ မေလ ၁၂ ရက် မနက် ၁၀ ဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင် ၅၀၀ ဗုံးသီးနဲ့ ကြဲချခဲ့တာကြောင့် ကျောင်းသူကျောင်းသား အနည်းဆုံး ၂၀ ဦး နဲ့ ဆရာမ ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက အခိုင်အမာပြောဆိုနေချိန်မှာ စစ်ကောင်စီတပ်က အခုလို ငြင်းဆိုလိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ ကျောင်းသူကျောင်းသားတွေရဲ့ အနာဂါတ်ကို ရှေ့ရှုတာကို ပြည်သူတွေ အသိဆုံးဖြစ်ပြီး လက်နက်ကိုင်တပ်တွေကသာ မထောက်ခံသူဖြစ်တဲ့ ပြည်သူတွေနေထိုင်တဲ့နေရာကို တိုက်ခိုက်နေတာလို့ စွတ်စွဲထားပါတယ်။

မနေ့ ၁၂ ရက် ညပိုင်းမှာလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ မိုင်းငေါ့မြို့စာသင်ကျောင်းအနီးနဲ့ မန်တုံမြို့တွင်းထဲကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး မန်တုံဒေသခံ တစ်ဦးသေဆုံးခဲ့ရပြီး ၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

စာသင်ကြားနေတဲ့လူ ၂၀ ကျော်ကို သေဆုံးစေခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအပြီးမှာပဲ ထိုင်းဟာ မြန်မာ့ငြိမ်းချမ်းအတွက် ဦးဆောင်ဆောင်ရွက်ချိန်တန်ပြီလို့ ထိုင်းလွှတ်တော်အမတ် မစ္စတာ ကန်နဝီက တိုက်တွန်းထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။