ဓာတ်ပုံ- Local

ရွှေဖီမြေ၊ မတ်လ ၂၉ ရက်

မန္တလေးတိုင်းမှာ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၇၀၀ နီးပါးရှိပြီး ဒဏ်ရာရသူ ၁,၆၄၀ ဦးနဲ့ ပျောက်ဆုံးနေသူ ၆၈ ဦး ရှိတယ်လို့ စစ်ကောင်စီက ဒီနေ့ မတ်လ ၂၉ ရက်မှာ ထုတ်ပြန်လာပါတယ်။

ငလျင်ဒဏ်ကြောင့် မန္တလေးမြို့တစ်မြို့လုံးနီးပါး အဆောက်အဦး ပျက်စီးဆုံးရှုံးခဲ့ရပြီး အဆောက်အဦး အပျက်အစီးတွေကြားမှာ ပိတ်မိနေသူလည်း အများစု ရှိနေသေးတယ်လို့ ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ မန္တလေးမြို့အခြေအနေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီနေ့မနက်ပိုင်းမှာ ရဟတ်ယာဉ်နဲ့ လှည့်လည် ကြည့်ရှုစစ်‌ဆေးနေပါတယ်။

ငလျင်ဘေးအတွက် အမေရိကန်က အကူအညီ ပေးသွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားထားပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ကယ်ဆယ်ရေးနဲ့ ဆေးကုသမှုအဖွဲ့တစ်ခုက ငလျင်သင့်သူအတွက် အကူအညီပေးဖို့ ဒီနေ့ မတ်လ ၂၉ရက် မနက်ပိုင်းက မြန်မာဘက် ရောက်ရှိလာတယ်လို့ သိရပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများတဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေကို စစ်ကောင်စီရဲ့ အမျိုးသား သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

မနေ့ မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၁ မိနစ်မှာ မန္တလေးမြို့ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာကို ဗဟိုပြုပြီး ပြင်းအား ၇ ဒသမ ၇ ရှိတဲ့ မြေငလျင် လှုပ်ခတ်ခဲ့တာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။