ဓာတ်ပုံ- Google

ရွှေဖီမြေ၊ ဧပြီ ၁ ရက်

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ယာယီ အပစ်ရပ် ကမ်းလှမ်းချက်ကို စစ်ကောင်စီဘက်က ပယ်ချလိုက်ပြီး သင်္ကြန်ပွဲတော်ကို ကျင်းပမယ်ဆိုပြီး ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ဒီနေ့ ဧပြီ ၁ ရက် ည ၈ နာရီခွဲ သတင်းထုတ်ပြန်ချက်ထဲ “တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲနေရသောကာလ ဖြစ်ပါသဖြင့် ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကို အပျော်အပါး သီဆိုကခုန်မှုများ မပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသော သင်္ကြန်အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်”ဆိုပြီး သတင်းထုတ်ပြန်လာတာပါ။

အလားတူ စစ်ခေါင်းဆောင်က “အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်ရှိ အခြေအနေမှာ တိုက်ပွဲ ဖော်ဆောင်ခြင်းများ မရှိသော်လည်း တိုက်ခိုက်ခြင်းများ လုပ်ဆောင်ရန်အတွက် စုဖွဲ့ခြင်း၊ လေ့ကျင့်ပြင်ဆင်ခြင်းများ လုပ်ဆောင်နေကြတာကို မိမိတို့အနေဖြင့် သိရှိပြီးဖြစ်ပြီး အဲ့လိုဆောင်ရွက်နေခြင်းဟာ တိုက်ခိုက်ခြင်းပင်ဖြစ်တဲ့အတွက် တပ်မတော်အနေဖြင့် လိုအပ်တဲ့ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း”ဆိုပြီး နေပြည်တော်မှာ ဒီနေ့ ပြုလုပ်တဲ့ ငလျင်ပြန်လည်ထူထောင်ရေး အလှူငွေပေးပွဲမှာ အခုလို ပြောကြားခဲ့ကြောင်း Myanmar Now သတင်းဌာနက ရေးသားထားပါတယ်။

ငလျင်ဘေးသင့်သူတွေကို ကယ်ဆယ်ရေး လုပ်ဖို့အတွက် NUG က ၂ ပတ်နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဧပြီလ တစ်လလုံး တစ်ဖက်သတ် အပစ်ရပ်ကြောင်း ကြေညာထားသလို ညီနောင်မဟာမိတ်ထဲက TNLA နဲ့ MNDAA ဟာ ကျင်းပဖို့ စီစဉ်ထားတဲ့ သင်္ကြန်ပွဲတော် ဖျက်သိမ်းလိုက်ကြောင်း ကြေညာထားတာပါ။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။