ဓာတ်ပုံ – SAC

မိုင်းရူပ၊ ဇူလိုင် ၁၈ ရက်

တအာင်းမတော် TNLA၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA နဲ့ မန္တလေး PDF တို့ တပ်ဖွဲ့ဝင် ၁၅ ဦး အလင်းဝင်လာကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ မနေ့ ဇူလိုင် ၁၇ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

အလင်းဝင်လာသူတွေထဲမှာ TNLA တပ်ဖွဲ့ဝင် ၄ ဦး၊ DPLA တပ်ဖွဲ့ဝင် ၅ ဦးနဲ့ မန္တလေး PDF တပ်ဖွဲ့ဝင် ၅ ဦးပါဝင်ပြီး အလင်းဝင်လာသူတွေကို မိဘတွေထံ ပြန်လည်အပ်နှံပေးခဲ့တယ်လို့ ဆိုပါတယ်။

DPLA ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ DPLA တပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီထံ အလင်းဝင်တာမရှိဘဲ ဒီရက်ပိုင်းအတွင်း ခွင့်ပြန်တဲ့ DPLA တပ်ဖွဲ့ဝင်တချို့ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာခံခဲ့ရတယ်လို့ ရွှေဖီမြေကို ပြောပါတယ်။

“မိဘတွေကို တွေ့ချင်လို့ ခွင့်ပေးပြန်တာ။ စကစရဲ့ ဖမ်းဆီးတာ ခံရတာ။ သူတို့ လက်ထဲရောက်တော့ အလင်းဝင်တယ်ဆိုပြီး ဝါဒါဖြန့်တာ” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ TNLA နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ၎င်းတို့ထံ အလင်းဝင်လာတယ်လို့ ထုတ်ပြန်ထားပေမဲ့ ၎င်းတို့ရဲ့ မျက်နှာကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်နက်ကိုင်လမ်းစဥ်ကို စွန့်လွှတ်ပြီး စစ်ကောင်စီထံ ဘက်ပြောင်းခိုလှုံဖို့ မကြာခဏ ဖိတ်ခေါ်နေတာလည်း ရှိပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။