ဓာတ်ပုံ – Local

ပျားကြီး၊ မတ် ၃ရက်၊ မြိုင်

မကွေးတိုင်းမြောက်ခြမ်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်တွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ မတ်လ ၃ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်ကစပြီး ရေနံမှော်တွေတည်ရှိရာ မြိုင်နဲ့ပေါက်မြို့နယ်အစပ်က ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်နီးပါးပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“ရေနံမှော်တွေဖက်ကို အဓိက ကြဲသွားတာပေါ့။ ၉ ရွာ၊ ၁၀ ရွာလောက်ရှိမယ်။ လူတွေရော တိရိစ္ဆာန်တွေရော အတော်များများသေကြတယ်။ Paramoter နဲ့ ကင်းထောက်တာတွေရှိနေတော့ ဘယ်သူမှအပြင်မထွက်ရဲကြသေးဘူး။ ဗုံးခိုကျင်းတွေထဲမှာပဲနေ နေရတာ”လို့ ဒေသခံအမျိုးသားကြီးတစ်ဦးကပြောပါတယ်။

မြိုင်မြို့နယ်က ဆိတ်ချေး၊ ဂျုတ်ကုန်း၊ ဘောင့်ဘင်၊ ညောင်ကုန်း၊ တောရွာ၊ ဆူးဝင်းကျေးရွာတွေနဲ့ ပေါက်မြို့နယ်က လက်ပံတို၊ သရက်ကန်နဲ့ ဆုံကုန်းကျေးရွာတွေကို Y12 အမျိုးအစားဗုံးကြဲလေယာဥ်နဲ့ ဂျက်ဖိုက်တာတွေ အသုံးပြုပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အမျိုးသမီးတွေအပါအဝင် ၁၅ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီဟာ အခုနောက်ပိုင်းမှာ မြိုင်နဲ့ပေါက်မြို့နယ်က ရေနံမြေတွေကို အဓိကပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကျောက်ခွက်ရေနံမှော်ဒေသ၊ ဆုံကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းမှာ မင်္ဂလာဧည့်ခံပွဲပြုလုပ်နေချိန် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် လူပေါင်း ၁၀ ဦးကျော် သေဆုံးခဲ့ရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။