ဓာတ်ပုံ – CJ

လွေးလာဝ်ဇာရ်၊ စက်တင်ဘာ ၂၁ ရက်၊ မိုးကုတ်

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်တဲ့ မိုးကုတ်နဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ထပ်မံဗုံးထပ်ကြဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ စက်တင်ဘာလ ၂၁ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ မိုးကုတ်မြို့ အနောက်ပိုင်းကို ဂျက်ဖိုက်တာတစ်စီးနဲ့ လာရောက်ကြဲချခဲ့ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ ဖြစ်စဉ်သိရှိသူ တစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်သိရှိသူတစ်ဦးက “ကြက်ခြံနေရာမှာဘဲ လာကြဲတာ။ လူထိခိုက်မှု မရှိဘူး။ ကြက်တွေလည်း မရှိဘူး။ ကြက်ခြံဆိုပေမဲ့ ကြက်လည်းမမွေးတာကြားပြီ” လို့ ပြောပါတယ်။

အလားတူ မနေ့ စက်တင်ဘာ ၂၀ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာလည်း ကျောက်မဲမြို့ ရပ်ကွက် ၂ မှာ စစ်ကောင်စီတပ်က ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ ‌သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်မှာ ကျောက်မဲမြို့နယ် နမ့်ဟူးတောင်းအုပ်စု လွယ်ခေါ်ရွာမှာလည်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး ၃ လုံးနဲ့ ဒရုန်း ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ဒေသခံတွေရဲ့ လယ်ယာတွေ ထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA က မနေ့ စက်တင်ဘာ ၂၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ပြည်သူလူထုတွေအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ရန် အတွက် စစ်ရေးသတိအမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန်ကနေ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။