မိုင်းဖိူမ်းဆငဲ၊ အောက်တိုဘာ ၁၆ ရက်၊ မိုးကုတ်
တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်သွားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
ဒီနေ့ အောက်တိုဘာလ ၁၆ ရက် မနက် ၇ နာရီခွဲမှာ ဂျက်ဖိုက်တာကနေ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဥ် သိရှိသူတစ်ဦးက “မိုးကုတ်မှာ ကြဲတာ လူထိခိုက်မှုတော့ မရှိဘူး။ သူတို့ ကြက်ခြံအဟောင်းမှာ ထိတာ။ ကြက်တောင်မရှိဘူး” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်မှာလည်း စစ်ကောင်စီတပ်က မိုးကုတ်မြို့နယ် လယ်ကြီးနဲ့ ပစီကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အိမ် ၂ လုံး ထိမှန်ပျက်စီးသွားခဲ့ပါတယ်။
ဒီ အောက်တိုဘာလ ၂ ရက်ကစပြီး စစ်ကောင်စီတပ်ဟာ PSLF/TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့ပြီး ကလေး ၆ ဦးအပါအဝင် ပြည်သူ ၃၃ ဦး သေဆုံးခဲ့ရကာ ၃၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။