ဓာတ်ပုံ – CJ

အိုက်ပွီး၊ မတ်လ ၁၆ ရက်၊ ဖလမ်း

တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တလန်ဇာန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဘုရားကျောင်းအပါအဝင် လူနေအိမ် ၆ လုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဟားခါးမြို့နယ်နဲ့ ဖလမ်းမြို့နယ်ကြားမှာရှိတဲ့ တလန်ဇာန်ကျေးရွာကို ဒီနေ့ မတ်လ ၁၆ ရက် မနက် ၁ နာရီဝန်းကျင်မှာ မြေပြင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်သွားခဲ့တာ ဖြစ်ပါတယ်။

“တစ်ရွာလုံး အိမ်မော့ကျနေတဲ့အချိန် မနက်အစောပိုင်းက လေကြောင်း ဗုံးကြဲသွားတာပါ။ ဗုံးသီး ဘယ်နှစ်လုံးလောက်တော့ မသိပေမဲ့ နှစ်လုံးလောက်တော့ ရှိမယ်။ အသံအရမ်းကျယ်တယ်။ မြေကြီးပါ တုန်သွားတယ်။လူထိခိုက်မူမရှိပေမဲ့ ဘုရားကျောင်း၊ လူနေအိမ်တွေက ပျက်စီးသွားပါတယ်။”လို့ တလန်ဇာန်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လက်ရှိမှာ ဖလမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်တာကြောင့် စစ်ကောင်စီတပ်က လေကြောင်းကနေ အဆက်မပြတ် ပစ်ကူပေးနေသလို မြို့အနီးအနားမှာရှိတဲ့ ကျေးရွာတွေကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

“ဖလမ်းမြို့ လက်ကျန်တပ်ရင်းကုန်းကနေ စစ်ရေးအရအရေးပါတဲ့ စခန်းကုန်းတွေကို ပြန်လည်ရရှိဖို့အတွက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတဲ့အတွက် တကျော့ပြန် တိုက်ပွဲပြင်းထန်နေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တားဆီးနိုင်ခဲ့ပါတယ်။ စစ်ကောင်စီက လေကြောင်းကနေ ပစ်ကူပေးတယ်။ မြို့အနီးအနားကျေးရွာတွေကိုလည်း အခု ရက်ပိုင်းထဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်မူတွေ ပြုလုပ်တယ်” လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

မတ်လ ၁၄ ရက်နေ့ကလည်း ဖလမ်းမြို့ကနေ ၂ မိုင်လောက် ကွာဝေးတဲ့ စီးဇာမွာလ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ် ၄ လုံး ပျက်စီးသွားပြီး တစ်လုံးဟာ မီးလောင်ပြာကျသွားတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။