ဓာတ်ပုံ – Local

မြတ်နိုး၊ ဧပြီ ၂၅၊ ဖားကန့်

စစ်ကောင်စီဘက်က ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလ တိုးမြှင့်ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့က ဖားကန့်လမ်းဘက် ထိုးစစ်ဆင်လာကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“ကားမိုင်းမှာ ရောက်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေ ဖားကန့် လမ်းဘက် စတင်လှုပ်ရှား စစ်ကြောင်းထိုး နေပြီ။” လို့ ရှေ့တန်း သတင်းရင်းမြစ် တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လက်ရှိ စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့က ဖားကန့်ဒေသကို ထိန်းချုပ်နိုင်ဖို့ စီစဉ်နေပြီး စစ်

အင်အား ရာချီသုံးကာ ဖားကန့်လမ်းဘက် စစ်ကြောင်းထိုးလာတာကြောင့် ဒီနေ့ ဧပြီလ ၂၅ ရက်နေ့မှာလည်း တိုက်ပွဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ပစ်ခတ်ရပ်စဲရေးကာလ တိုးမြှင့်ကြောင်း ကြေငြာတဲ့ ဧပြီလ ၂၂ ရက်နေ့မှာ မြစ်ကြီးနား၊ နမ္မတီး ဘက်ကို စစ်ကောင်စီ ကား ၆ စီးထဲက အင်အား ၂၀၀ခန့် စစ်အင်အားချထားခဲ့တယ်လို့ ဆိုပါတယ်။

မနေ့ ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းက ဖားကန့်လမ်း မအူပင် ရေကာတာမှာ အဲစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို KIA ပူးပေါင်း တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ရာက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ရှေ့တန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။

“ဖားကန့်လမ်းတလျှောက်က ဒေသခံပြည်သူတွေ အားလုံး တိမ်းရှောင်နေရတယ်” လို့ သူက ပြောပါတယ်။

စစ်ရေးတင်းမာမှုကြောင့် ဧပြီလ ၂၄ ရက်နေ့ကစ မြစ်ကြီးနား – ကားမိုင်း – နန့်ယား – ဖားကန့် လမ်း အတက်၊ အဆင်းကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့ ဘက်က ယာယီပိတ်ထားတယ်လို့ ဆိုပါတယ်။

“ဒီနေ့ မနက် ၁၀ နာရီ ဝန်းကျင်က ဖားကန့် လမ်းဘက်က နန့်ယန်း၊ ကပ်မှော်၊ ဆိုင်းဖရာ၊ ခရိုင်ရွန်၊ ကပ်နွယ် ရွာတွေဘက်က ‌ဒေသခံ စစ်ဘေးရှောင် ပြည်သူတွေကို လာကြိုတဲ့ ကားတွေကို စစ်ကောင်စီ တပ်ဘက်က တားထားတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အဲဒီလို တားမြစ်ထားတာကြောင့် စစ်ရှောင်တွေကို သွားကြိုခွင့်ပြုဖို့ ညှိနှိုင်းနေတာ ရှိတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီက အပစ်ခတ်ရပ်စဲကြေငြာ ဟန်ဆောင်ပြီး စစ်အင်အား ဖြည့်တင်းနေဆဲ ဖြစ်တယ်လို့လည်း အဲဖားကန့်က ရှေ့တန်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဧပြီ ၂၃ ရက်မှ ၃၀ ရက် ယာယီ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့်လိုက်ကြောင်း စစ်ကောင်စီဘက်က ဧပြီလ ၂၂ ရက်နေ့က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။