ရွှေဖီမြေ၊ မေလ ၆ ရက်

စစ်ကောင်စီတပ်က ဒီနေ့ မေလ ၆ ရက်ကနေ မေလ ၃၁ ရက်အထိ အပစ်ရပ်ကာလ ၁ လ ထပ်တိုးထားကြောင်း စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေက ဒီနေ့ မေလ ၆ ရက်မှာ ရေးသားဖော်ပြလာကြပါတယ်။

ငလျင်ဘေးသင့်ဒေသမှာ ပြန်လည်ထူထောင်ရေးနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် ယာယီ အပစ်ရပ်ကာလ ထပ်တိုးတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂ ရက်ကနေ ၃၀ ရက်အထိ စစ်တပ်က အပစ်ရပ် ကြေညာထားပေမဲ့ ရှမ်းမြောက်အပါအဝင် တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ဒေသမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေပါတယ်။

စစ်တပ်က အပစ်ရပ်ထားတဲ့ ဧပြီလအတွင်း ကရင်အမျိုးသားအစည်းအရုံး- KNU ထိန်းချုပ်နယ်မြေ မူတြော်(ဖာဖွန်)ခရိုင်ထဲ KNU တပ်မဟာ(၅)နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ၁၃၉ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က မနေ့ မေလ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အပစ်ရပ်ကာလအတွင်း စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် KNU ထိန်းချုပ်ဒေသက သံဃာ ၄ ပါးအပါအဝင် အရပ်သား ၁၉ ဦး သေဆုံးခဲ့ကြောင်း KNU က ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်တပ်က အပစ်ရပ် ကြေညာထားတဲ့ ဧပြီ ၁ လလုံးမှာ လေကြောင်း တိုက်ခိုက်မှု ၂၄၄ ကြိမ် ပြုလုပ်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀၁ ဦး သေဆုံးခဲ့တဲ့အပြင် ၃၀၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းတပ်- TNLA၊ ကိုးကန့်တပ်- MNDAA နဲ့ အာရက္ခတပ်တော်- AA တို့ကလည်း မေလ ၁ ရက်ကနေ ၃၁ ရက်အထိ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။