ဇူလိုင် ၁၅၊ မိုင်းငေါ့
တအာင်းတပ်-PSLF/TNLA ထိန်းချုပ်တဲ့ ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားခဲ့ကြောင့် မြေပြင်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
ဒီနေ့ ဇူလိုင် ၁၅ရက်နေ့ နေ့လည် ၁နာရီအချိန်ခန့်မှာ မိုင်းငေါ့မြို့အနီးကို ဗုံးကြဲချတိုက်ခိုက်သွားခဲ့တာ ဖြစ်ပါတယ်။
“ကြဲတာကတော့ မိုင်းငေါ့-ကျောက်မဲအထွက် မန်ပင့်တံတားနားလေးကိုကြဲသွားတာ။ ၂လုံး ကြဲသွားတာ။ ထိခိုက်မှုကတော့ မသိရသေးဘူး”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
မိုင်းငေါ့မြို့ကို တအာင်းတပ် ထိန်းချုပ်ပြီးနောက် စစ်ကောင်စီက ပြီးခဲ့တဲ့ မေလ ၁၂ရက်နေ့မှာ ၁ကြိမ်၊ မေလ ၅ရက်နေ့မှာ ၁ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဇွန်နောက်ဆုံးပတ်ကနေ အခု ဇူလိုင် ဒုတိယပတ်အထိ စစ်ကောင်စီတပ်ဟာ တအာင်းတပ်ထိန်းချုပ်တဲ့ မြို့တွေကို ၁၅ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား အနည်းဆုံး ၁၇ဦး သေဆုံးပြီး ၄၈ဦး ဒဏ်ရာရခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။