မိုင်းရူပ၊ နိုဝင်ဘာ ၅ ရက်၊ မြင်းခြံ
မန္တလေးတိုင်း မြင်းခြံမြို့နယ် လယ်သစ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် ၈ ဦးသေဆုံးခဲ့တယ်လို့ ဒီတိုက်ခိုက်မှုမှာပါဝင်တဲ့ Zreo ပျောက်ကျားတပ်ဖွဲ့ရဲ့ ခေါင်းဆောင်ကိုသက်ကြီးက ရွှေဖီမြေကို ပြောပါတယ်။
လယ်သစ်ကျေးရွာက အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီရဲ့ စုပေါင်းဂိတ်ကို မနေ့ နိုဝင်ဘာ ၄ ရက် နေ့လည်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
” ဒီဂိတ်မှာ အင်အား ၅၀ လောက် ရှိနိုင်တယ်။ ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၈ ယောက်သေဆုံးတယ်။ သေဆုံးတဲ့အထဲမှာ တစ်ယောက်က စကစခန့် ကိုမင်းဆိုတဲ့ကောင်ပါတယ်” လို့ ကိုသက်ကြီးက ရွှေဖီမြေကို ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း မိနစ် ၂၀ ကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်တွေဘက်က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ မြင်းခြံမြို့နယ်မှာ တပ်စခန်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီ တစုံတရာသတင်းထုတ်ပြန်ထာတာ မရှိသေးပါဘူး။
ဒီတိုက်ခိုက်မှုကို zeroပြောက်ကျားတပ်ဖွဲ့၊ ရွှေကန်သားစစ်ကြောင်း နဲ့ မြင်းခြံမြို့နယ် (ပကဖ) တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ မြင်းခြံမြို့နယ်မှ စစ်ကောင်စီတပ်က တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့နေရာတွေကို ထိုးစစ်ဆင်တွေ၊ လက်နက်ကြီးပစ်ခတ်တာတွေ ပြုလုပ်နေပြီး တော်လှန်ရေးတပ်ဘက်ကလည်း စစ်ကောင်စီတပ်ခန်းတွေကို ပစ်ခတ်တိုက်ခိုက်တာတွေရှိနေတယ်လို့ ကိုသက်ကြီးက ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။