မိုင်းရူပ၊ အောက်တိုဘာလ ၁၁ ရက်

စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မန္တလေး-မိုးကုတ်လမ်းပိုင်းကို ပြန်ထိန်းချုပ်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တချို့က ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်က မန္တလေး-မိုးကုတ်လမ်းပိုင်းကို ပြန်ထိန်းချုပ်ဖို့ သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျေးရွာကနေ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

“စကစဘက်က ၇ မိုင်ကနေ ထိုးလာတာ။ လမ်းမကြီးအထိတော့ မရောက်သေးဘူး။ အဲဒီအနီးဝန်းကျင်မှာဘဲ တိုက်ပွဲဖြစ်နေတယ်။ စကစက ဒရုန်း၊ လက်နက်ကြီး၊ Y-12၊ ဂျက်ဖိုက်တာရော စုံနေတာပဲ။ လာချတာ” လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ဒီနေ့ အောက်တိုဘာ ၁၁ ရက်ကစပြီး မိုးကုတ်လမ်းပိုင်းကို တော်လှန်ရေးတပ်တွေဘက်က ယာယီပိတ်ထားလိုက်ပြီလို့ မိုးကုတ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဖောတော့လမ်းဆုံကနေ ပိတ်တယ်လို့ ကြားတယ်။ ဒီနေ့မှာ စပိတ်တာ” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ သပိတ်ကျင်းမြို့ကို ပြန်ထိန်းချုပ်နိုင်ပြီးနောက် မိုးကုတ်-မန္တလေးလမ်းပိုင်းကို ပြန်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

သပိတ်ကျင်းမြို့နယ်မှာ တအာင်းတပ်မတော် TNLA အပါအဝင် မိုးကုတ်ဗျူဟာ၊ မန္တလေး PDF နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံတပ်တွေက စစ်ကောင်စီကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။