ဓာတ်ပုံ- SPM (ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့ စစ်ကိုင်းမြို့ပေါ်က ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ကျောင်း)

ပျားကြီး၊ ဧပြီ ၂၂ ရက်၊ မန္တလေး

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အဖြေလွှာတွေ မီးလောင်ပျက်စီးခဲ့တာကြောင့် စာမေးပွဲ ပြန်လည် ဖြေဆိုရမယ့်ရက်ကို စစ်ကောင်စီက ဒီနေ့ ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်ကြေညာလာပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ဒဏ်ကြောင့် မန္တလေးတက္ကသိုလ်ထဲမှာ စာစစ်လုပ်ငန်း ဆောင်ရွက်နေတဲ့ အဖြေလွှာ ၄ သိန်းကျော် မီးလောင်ပျက်စီးခဲ့တဲ့အတွက် အခုလို စာမေးပွဲ ပြန်လည် ပြုလုပ်ဖို့ စီစဥ်လာတာ ဖြစ်ပါတယ်။

အခုလို စာမေးပွဲ ပြန်လည် ဖြေဆိုဖို့ စီစဥ်လာတဲ့အပေါ် ကျောင်းသားကျောင်းသူအများစုက ပြန်ဖြေဆိုဖို့ ဆန္ဒမရှိကြဘူးလို့ သိရပါတယ်။

“အခြေအနေက အဲဒီကာလအထိ တည်ငြိမ်မလားဆိုတာ မသိရဘူး။ နောက်ပြီး အိမ်ကပြိုထားသေးတော့ အခုထိ လမ်းဘေးမှာပဲ နေရတုန်းပဲ။ ကလေးတွေမှာ စိတ်ဒဏ်ရာတွေ ရှိနေတယ်။ နောက်ပြီး ကျောင်းတွေက ပြိုထားတော့ ပြောင်းဖြေရမယ့်ကျောင်းက အရမ်းဝေးတယ်။ လုံခြုံရေးအရရော အဆင်မပြေဘူးလေ။ အဲဒါ ကလေးတွေကတော့ ပြန်မဖြေချင်ကြဘူး။ သူတို့ဆန္ဒဆိုတော့ ကိုယ်တို့လည်း အရမ်းကြီး မတိုက်တွန်းတော့ဘူးပေါ့” လို့ စစ်ကိုင်းမြို့ပေါ်မှ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

စာမေးပွဲ ပြန်လည် ဖြေဆိုရမယ့်ရက်ကို ဇွန်လ ၁၆ ရက်ကနေ ၂၁ ရက်အထိ နားရက်မရှိဘဲ ဆက်တိုက် ဖြေဆိုဖို့ သတ်မှတ်ပေးထားတာကို စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

ဒါ့အပြင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ စာစစ်ဌာနတွေကို တခြားကျောင်းတွေမှာ ပြောင်းရွှေ့ဖြေဆိုရမှာ ဖြစ်တာကြောင့် တချို့စာစစ်ဌာနဟာ မိုင် ၃၀ ဝန်းကျင်အထိ ကွာဝေးတာကြောင့် ပြန်လည် ဖြေဆိုရမယ့် ကျောင်းသားကျောင်းသူအနေနဲ့ အခက်အခဲ ရှိနေတယ်လို့ မန္တလေးဒေသခံတွေက ပြောဆိုပါတယ်။

“နွားထိုးကြီးက ကလေးတွေဆိုရင် ဟံမြင့်မိုရ်အထိ လာဖြေရမယ်။ စဥ့်ကိုင်ဆိုရင်လည်း ကျောက်ဆည်တက္ကသိုလ်ကို သွားဖြေရမယ်။ တခြားစာစစ်ဌာနတွေလည်း အဲဒီလိုပဲ အဝေးကြီးတွေ သွားဖြေရမှာဆိုတော့ ခေတ်ကာလ အခြေအနေအရ မဖြစ်နိုင်ဘူးလေ” လို့ ကျောက်ဆည်မြို့နယ်မှ ဒေသခံပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော်ကကျောင်းသားကျောင်းသူအနေနဲ့ စာမေးပွဲ ပြန်လည် ဖြေဆိုရမှာဖြစ်ပြီး အဖြေလွှာတွေ မရောက်ရှိသေးတဲ့ မင်းကင်း၊ ရေဦး၊ တမူး၊ အရာတော်၊ ရွှေဘို စတဲ့မြို့နယ်က ကျောင်းသားကျောင်းသူတွေက ပြန်လည်ဖြေဆိုဖို့ မရှိဘူးလို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။