ဓာတ်ပုံ- Local ပြောက်ကျားတပ်ဖွဲ့ (ပုံဟောင်း)

လွေးလာဝ်ဇာရ်၊ မေလ ၇ ရက်၊ သပိတ်ကျင်း

စစ်ကောင်စီတပ်ဟာ အပစ်ရပ်ကာလ တစ်လ ထပ်တိုးမယ်လို့ ကြေညာထားပေမဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ရေထွက်ရွာထဲ စစ်တပ်က ဒီနေ့ မေလ ၇ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ကြဲချတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက “ဟုတ်တယ်။ ဒီနေ့ ထပ်လာကြဲတယ်။ လူထိခိုက်မှု ရှိတယ်။ တစ်ယောက်သေတယ်။ ၁၀ ယောက် ဒဏ်ရာ ရတယ်” လို့ ပြောပါတယ်။

ထိခိုက်သွားသူ ၁၀ ဦးထဲ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၇ ဦးတို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်ကလည်း ရေထွက်ရွာကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၁၃ ဦး အစုလိုက် အပြုံလိုက် သေဆုံးခဲ့တာလို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ငလျင်သင့်တဲ့ ဒေသမှာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနိုင်ဖို့ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်ကနေ ၃၀ ရက်အထိ စစ်တပ်က အပစ်ရပ် ကြေညာထားပေမဲ့ ရှမ်းမြောက်အပါအဝင် တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်း၊ မတ္တရာနဲ့ စဉ့်ကူးမြို့နယ်မှာ လေကြောင်းနဲ့ တိုက်ခိုက်တာ၊ ထိုးစစ်ဆင်တာတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။