ဓာတ်ပုံ- TNLA

ရွှေဖီမြေ၊ ဧပြီ ၂ ရက်

မြန်မာနိုင်ငံက ငလျင်ဘေးသင့်နေသူတွေကို ကူညီဖို့ ထောက်ပံ့ရေးပစ္စည်း သယ်ဆောင်လာတဲ့ တရုတ်နိုင်ငံ ကြက်ခြေနီအသင်းမှ ယာဉ်တန်း ၉ စီးကို သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ မှန်ကန်ကြောင်း စစ်ကောင်စီတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝန်ခံထားပါတယ်။

မနေ့ ဧပြီ ၁ ရက် ည ၉ နာရီခွဲမှာ တရုတ်နိုင်ငံကြက်ခြေနီအသင်းဟာ မန္တလေးမြို့က ငလျင်ဘေးသင့်သူတွေအတွက် ထောက်ပံ့ဖို့ သွားနေချိန် နောင်ချိုမြို့နယ် အုမ္မတီးရွာမှာ စစ်တပ်က စောင့်ပြီး ပစ်ခတ်ခဲ့တာလို့ တအာင်းတပ်- TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တရုတ်နိုင်ငံ ကြက်ခြေနီအသင်းဟာ အကြောင်းကြားတာမရှိဘဲ ဝင်လာတာဖြစ်ပြီး အုမ္မတီးရွာမှာရှိတဲ့ စစ်တပ်က စစ်ဆေးဖို့ တားရာမှာ မရပ်တာကြောင့် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီနေ့ ဧပြီ ၂ ရက်မှာ ၎င်းတို့ရဲ့ လက်အောက်ခံ မီဒီယာတွေမှာ ဖြေကြားထားပါတယ်။

ကြက်ခြေနီအသင်းဟာ မန္တလေးမြို့ဘက် ခရီးဆက်သွားမယ်ဆိုတဲ့အကြောင်းကိုလည်း စစ်ကောင်စီထံ သတင်းပေးပို့ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လမ်းခရီးမှာ ပစ်ခတ်ခံခဲ့ရပြီးနောက် တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက နောင်ချိုဘက် ပြန်လည် ဆုတ်ခွာလာခဲ့ပြီး ၎င်းတို့ကို TNLA တပ်က ကာကွယ်စောင့်ရှောက်ပေးထားပြီးတော့ လိုရာခရီးသို့ ဆက်လက် ပို့ဆောင်ပေးသွားမယ်လို့ TNLA က ပြောဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။