ဓာတ်ပုံ- Local (ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အင်းလေးဒေသက နေအိမ်တွေ)

အင်းငယ်၊ ဧပြီ ၁၅ ရက်၊ အင်းလေး

ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ စစ်ကောင်စီ လက်အောက်ခံ ပါတီဝင်တွေ ရောက်ရှိနေပြီး လာမယ့် ရွေးကောက်ပွဲအတွက် စတင်မဲဆွယ်နေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

အင်းလေးဒေသမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီ လက်အောက်ခံ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ- PPP၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ- USDP နဲ့ မဘသ ဘုန်းကြီးတွေက ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိကာ ရွေးကောက်ပွဲမှာ မဲထည့်မှသာ အထောက်အပံ့ ပေးမယ်ဆိုပြီး ပြောဆိုစည်းရုံးနေတာပဲ ဖြစ်ပါတယ်။

တက်ကြွလှုပ်ရှားသူတစ်ဦးက “သက်သက်ခိုင်တို့ပါတီက အများဆုံးပဲ။ လှူတာက နည်းနည်း၊ ဓာတ်ပုံရိုက် ဖျာခင်းတာက များများ။ နိုင်ငံရေး နားမလည်တဲ့ တောသူတောင်သားတွေကို ဒီလိုဒီလို မဲထည့်ရင် နင်တို့ ချေးငွေရမယ် ဘာညာပေါ့။ အင်းပါတီလည်း ပါတယ်လေ။ အသားထဲက လောက်ကောင်တွေ” လို့ ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ပါတီဝင်တွေက လှူဒါန်းထားတဲ့ ပစ္စည်းတွေဟာ ရှိတဲ့ ဒေသခံဦးရေ၊ ပျက်စီးတဲ့ အိမ်အရေအတွက်နဲ့ မလောက်ငှသလို သရုပ်ဆောင် ခိုင်နှင်းဝေ လာရောက် လှူဒါန်းစဉ်ကလည်း လူဦးရေအားလုံး မရရှိလိုက်တာကြောင့် အကူအညီ အများစု လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။

ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးနေသူတစ်ဦးက “တချို့ရွာတွေက ရွာရဲ့ ရန်ပုံငွေနဲ့ ကိုယ်ထူကိုယ်ထ လုပ်ကြတာ။ သူများ လာလှူကြတာက အကုန်မရလို့လေ။ သာလေတို့ဆိုရင် တော်တော်များများ ပြီးနေပြီ။ မဆောက်နိုင်သေးတဲ့ ရွာတွေလည်း အများကြီး ကျန်ပါတယ်” လို့ ပြောပါတယ်။

အင်းလေးမှာ ပျက်စီးတဲ့ လူနေအိမ်တွေ ပြန်ဆောက်ဖို့အတွက် ဝါးလုံး အရေးပေါ် လိုအပ်နေပြီး လူနေအိမ်တစ်လုံးကို ၄ သိန်းခန့် ကုန်ကျမယ်လို့ သိရပါတယ်။

ငလျင်ဒဏ် ကြုံပြီးနောက်ပိုင်း အင်းလေးဒေသကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီ အကြီးအကဲတချို့ မကြာခဏ လာရောက်နေပြီး ဟိုတယ်ဇုန် ပတ်ပတ်လည်အပါအဝင် အင်းလေးကန်ပတ်လမ်းတစ်ခွင်မှာ ပအိုဝ်းပြည်သူ့စစ်- PNA က လုံခြုံရေး ယူထားပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။