ရွှေဖီမြေ၊ ဇူလိုင် ၃၁ ရက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယာယီသမ္မတ တာဝန်ယူထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်ပေါင်း ၆၃ ခုကို အရေးပေါ်အခြေအနေကြေညာကြောင်း ထုတ်ပြန်လာပါတယ်။

အရေးပေါ်ကြေညာထား မြို့နယ် ၆၃ ခုကို ကာလုံမှာ ယာယီသမ္မတ တာဝန်ယူထားတဲ့ မင်းအောင်လှိုင်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေကို အပ်နှင်းခဲ့ပြီး စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေကို နှိမ်နင်းဖို့၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေလုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်နိုင်ဖို့ဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၁၂ (က)အရ အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း ဆိုပါတယ်။

ဒီအမိန့်ဟာ ရက်ပေါင်း ၉၀ အတွင်းအသက်ဝင်မှာဖြစ်တယ်လို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

အရေးပေါ်အခြေအနေကြေညာတဲ့ မြို့နယ်တွေမှာထဲမှာ ကချင်ပြည်နယ်မှာ ၅ မြို့နယ်၊ ကယားပြည်နယ် ၃ မြို့နယ်၊ ကရင်ပြည်နယ် ၂ မြို့နယ်၊ ချင်းပြည်နယ် ၇ မြို့နယ်၊ စစ်ကိုင်းတိုင်း ၉ မြို့နယ်၊ မကွေးတိုင်း ၅ မြို့နယ်၊ မန္တလေးတိုင်း ၃ မြို့နယ်၊ ရခိုင်ပြည်နယ် ၁၄ မြို့နယ်နဲ့ ရှမ်းမြောက် ၁၅ မြို့နယ် ပါဝင်ပါတယ်။

အရေးပေါ်ကြေညာတဲ့ မြို့နယ်တွေထဲမှာ စစ်ကောင်စီနဲ့ အပစ်ရပ်ထားတဲ့ ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေလည်း ပါဝင်သလို မိုးလားတပ် NDAA ထိန်းချုပ်ထားတဲ့ မိုင်းလားမြို့နယ်လည်း ပါဝင်တာ တွေ့ရပါတယ်။

ဒါ့အပြင် “ဝ” တပ်ဖွဲ့ UWSA ထိန်းချုပ်ထားတဲ့ ဟိုပန်မြို့ကိုလည်း အရေးပေါ်အခြေအနေ ကြေညာထားတဲ့ မြို့နယ်ထဲမှာ ပါဝင်ခဲ့ပါတယ်။

နိုင်ငံတော်အာဏာကို သိမ်းယူထားတဲ့ စစ်တပ်ဟာ အာဏာစသိမ်းချိန် အသုံးပြုခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဒီနေ့မှာ ဖျက်သိမ်းလိုက်ပြီး နိုင်ငံတော် လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ကို ပြန်လည်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။