ဓာတ်ပုံ- Local

ပျားကြီး၊ နိုဝင်ဘာ ၁၂ ရက်၊ မိုးကုတ်

တိုက်ပွဲ တကျော့ပြန် ဖြစ်ပွားလာနိုင်တဲ့ အခြေအနေကြောင့် မိုးကုတ်မြို့ခံတွေ ထွက်ပြေးတိမ်းရှောင်နေကြတဲ့အတွက် ကားခဟာ အရင်ကထက် ၅ ဆနီးပါးအထိ မြှင့်တက်သွားတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မြို့ကို ထိန်းချုပ်ထားတဲ့ တအာင်းတပ်မတော်- PSLF/TNLA ပြန်လည် ဆုတ်ခွာမှု ရှိခဲ့ပြီးနောက်ပိုင်း လေကြောင်း တိုက်ခိုက်မှုနဲ့မြို့သိမ်းတိုက်ပွဲ ရှိလာနိုင်တဲ့ အခြေအနေကြောင့် မိုးကုတ်မြို့ခံတွေဟာ ဘေးလွတ်ရာ ကြိုတင်ထွက်ပြေးတိမ်းရှောင်လာကြတာပဲ ဖြစ်ပါတယ်။

“လူတွေက နေ့တိုင်း ကားလက်မှတ်ဝယ်ဖို့ ကြိုးစားနေကြတယ်။ အဓိကတော့ မန္တလေးဖက်ကိုပေါ့။ ကားငှားရ အရမ်းခက်သလို ဈေးကလည်း ခေါင်ခိုက်နေတယ်။ ဒါလည်း သွားချင်တဲ့သူက အများကြီးပဲ” လို့ မိုးကုတ်မြို့ခံ ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ထောင်နဲ့ချီတဲ့ မြို့ခံတွေဟာ မြို့ကို စွန့်ခွာဖို့အတွက် နေ့စဉ် ကြိုးစားနေကြတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိအချိန်မှာ ကားခဟာ တစ်ဦးကို ကျပ် ၈ သိန်းကနေ ၁၀ သိန်းအထိ ရှိနေပြီး လူတစ်ဦးကို ကျောပိုးအိတ်တစ်လုံးပဲ ယူဆောင်ခွင့် ပေးထားပြီး တခြားပစ္စည်းတွေ တင်ဆောင်ခွင့် မပေးထားဘူးလို့ မိုးကုတ်မြို့အနောက်ပိုင်းမှ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကုန်ကျစရိတ် အနည်းငယ် သက်သာတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ဖက်ကိုလည်း တိမ်းရှောင်သူတွေ ရှိနေပြီး မိုးကုတ်-ကျောက်မဲကားခက တစ်ဦးကို ၂ သိန်းကနေ ၄ သိန်းအထိ ရှိတယ်လို့ မြို့ခံ ယာဉ်မောင်းတစ်ဦးက ပြောဆိုပါတယ်။

မြို့ကို ထိန်းချုပ်ထားတဲ့ တအာင်းတပ်မတော်ဟာ ဒီလ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး မိုးကုတ်ကနေ ပြန်လည်ဆုတ်ခွာမှာဖြစ်ပေမဲ့ မန္တလေး PDF အပါအဝင် မဟာမိတ်တပ်တွေက မြို့ကို ဆက်လက် ထိန်းချုပ်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။