ဓာတ်ပုံ- Local

မိုင်းရူပ၊ ဧပြီ ၆ ရက်၊ မန္တလေး

ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ ကွင်းပြင်နဲ့ လမ်းဘေးတွေမှာ တဲထိုးပြီး ခိုလှုံနေတဲ့ ဒေသခံတွေ မိုးသက်လေပြင်းဒဏ် ပြန်ခံနေရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ငလျင် လှုပ်ခတ်မှုအပြီး နေအိမ်တွေ ပျက်စီးသွားတာကြောင့် ဒေသခံတွေဟာ အိမ်ထဲမှာ မနေရဲကြတော့ဘဲ ကွင်းပြင်နဲ့လမ်းဘေးတွေမှာ တဲထိုးပြီး နေထိုင်ကြရချိန် မနေ့ ဧပြီ ၅ ရက် ညနေပိုင်းမှာ မိုးရွာသွန်းခဲ့ပြီး လေပြင်း တိုက်ခတ်ရာ ယာယီ တဲထိုးပြီး နေထိုင်သူတွေ ဒုက္ခပြန်ကြုံခဲ့ကြရတာ ဖြစ်ပါတယ်။

“မိုးလည်း ကြီး၊ လေလည်း တိုက်တယ်။ လမ်းဘေး ယာယီတဲမှာ နေသူတွေ ထပ်ဒုက္ခရောက်ကြရပါတယ်။ မိုးကြီးလာတော့ နေရာရွှေ့တာရှိတယ်။ ကိုယ့်အိမ်အောက် မရဲတရဲနဲ့ ပြန်ခိုတာလည်းရှိတယ်” လို့ ငလျင်ဒဏ်သင့်ခဲ့ရတဲ့ မန္တလေးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ည ၇ နာရီဝန်းကျင်မှာ မိုး စတင်ရွာသွန်းခဲ့ပြီး ဒေသခံတွေ ခိုလှုံဖို့ ယာယီ ထိုးထားတဲ့ တဲတွေ ပျက်စီးပြီး ဒီနေ့ ဧပြီ ၆ ရက် မနက် ၈ နာရီဝန်းကျင်မှာတော့ မိုးတိတ်သွားပြီလို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်မှာ ပြင်းအား ၇.၇ အဆင့်ရှိတဲ့ ငလျင် လှုပ်ခတ်မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နဲ့ ရှမ်းတောင်တွေမှာ သေဆုံး ဒဏ်ရာရသူ ၃ ထောင်ကျော် ရှိနေပြီး အထင်ကရနေရာအပါအဝင် အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

လက်ရှိအချိန်ထိ နေရာတချို့မှာ ကူညီကယ်ဆယ်ရေး ဆက်လုပ်နေပြီး မထုတ်နိုင်သေးတဲ့ အလောင်းတွေလည်း ဆက်ရှိနေပါတယ်။

ငလျင်ဒဏ်ကြောင့် မန္တလေးမှာ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပြီး သေဆုံးသူ ၂,၁၂၂ ဦးနဲ့ ဒဏ်ရာရသူ ၂,၆၀၉ ဦးအထိ ရှိကြောင်း စစ်ကောင်စီရဲ့ စာရင်းအရ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ မနေ့ ဧပြီ ၅ ရက်အထိ စာရင်းအရ နိုင်ငံတစ်ဝန်းမှာ ငလျင်ကြောင့် သေဆုံးသူ ၃,၄၅၅ ဦးနဲ့ ဒဏ်ရာရသူ ၄,၈၄၀ ဦးရှိပြီး ပျောက်ဆုံးနေသူ ၂၂၀ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။