ဓာတ်ပုံ- MDY PDF

ရွှေဖီမြေ၊ ဧပြီ ၈ ရက်

စစ်ကောင်စီတပ်ဟာ ၃ ပတ်ကြာ အပစ်ရပ်မယ်လို့ ထုတ်ပြန်ထားပေမဲ့ လေကြောင်းတိုက်ခိုက်မှု၊ မြေပြင်ထိုးစစ် ဆက်လုပ်နေပြီး စစ်ကောင်စီရဲ့ အပစ်ရပ်မှုဟာ နိုင်ငံရေးအမြတ်ထုတ်လိုတဲ့ လုပ်ကြံလီဆယ်မှုလို့ မန္တလေး PDF က ထုတ်ပြန်လာပါတယ်။

အပစ်ရပ်မယ်လို့ ထုတ်ပြန်ပြီးနောက် လေကြောင်း တိုက်ခိုက်မှု ဆက်လုပ်နေပြီး စဉ့်ကူးမှာ ၂ ကြိမ်၊ မတ္တရာမှာ ၁ ကြိမ်၊ သပိတ်ကျင်းမှာ ၅ ကြိမ်၊ မိုးကုတ်မှာ ၁ ကြိမ် နဲ့ နောင်ချိုမှာ ၁ ကြိမ် လူထုတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ လက်နက်ကြီး ပစ်ခတ်မှုနဲ့ မြေပြင်ထိုးစစ်တွေလည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် စစ်တပ်ရဲ့ အပစ်ရပ်မှုဟာ ငလျင်ဘေးသင့်တဲ့သူနဲ့ နိုင်ငံတကာအပေါ် နိုင်ငံရေး အမြတ်ထုတ်လိုတဲ့ လုပ်ကြံလီဆယ်မှုသာ ဖြစ်တယ်လို့ မန္တလေး PDF က ပြောဆိုပါတယ်။

စစ်တပ်ဟာ ဧပြီ ၂ ရက်ကနေ ဧပြီ ၂၂ ရက်အထိ ၃ ပတ်ကြာ အပစ်ရပ်မယ်လို့ ကြေညာထားပေမဲ့ တော်လှန်ရေး အင်အားစု ထိန်းချုပ်ဒေသကို လေကြောင်းနဲ့ တိုက်ခိုက်တာ ထိုးစစ်ဆင်တာတွေ ပြုလုပ်နေပါတယ်။

ငလျင် လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG က ယာယီ အပစ်ရပ်ကြောင်း ထုတ်ပြောကြပေမဲ့ အပြန်အလှန် တိုက်ခိုက်မှု ဆက်ရှိနေပြီး အပြန်အလှန် စွပ်စွဲနေကြပါတယ်။

စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အပစ်ရပ်ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်အပါဝင် ပြည်သူ့ကာကွယ်ရေးတပ်- PDF တွေဟာ စစ်တပ်စခန်းတွေကို တိုက်ခိုက်နေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။